ဆေးပေါင်းခတဲ့ ည

တန်ဆောင်မုန်းလပြည့်ညဟာ ဆေးပေါင်းခတဲ့ ညဆိုတာ လူကြီး၊ လူငယ်မရွေး သိကြပါတယ်။

လပြည့်ည ၁၂ နာရီတိတိမှာ မဲဇလီ ဖူးသုပ်ကို စားရင် ဆေးဖက်ဝင်တာမို့ တစ်နှစ်စာ
ကျန်းမာတယ်၊ ရောဂါဘယကင်းရှင်းတယ်လို့လည်း အဆိုရှိပါတယ်။

ပြီးတဲ့အခါမှာ ဒီရာသီမှာ အားကောင်းတဲ့ တချို့နက္ခတ်တွေရဲ့ လွှမ်းမိုးမှုကြောင့် သူခိုးတွေဟာ
တန်ဆောင်တိုင်ညမှာ ပိုမိုမြူးထူးကြတယ်လို့လည်း အဆိုရှိပါတယ်။

အဲဒီကနေ ဆက်စပ်ပြီး 'သူခိုးကြီးည' ဆိုတဲ့ ဓလေ့ဟာလည်း ပေါ်ပေါက်လာတာ ဖြစ်နိုင်ပါတယ်။

ဒီချစ်စရာဓလေ့လေးဟာ ခုနောက်ပိုင်းမှာတော့ လူတချို့ရဲ့ အခွင့်ကောင်းယူမှုတွေကြောင့်
စိတ်ပျက်ရွံရှာစရာကောင်းတဲ့ ပုံစံမျိုးဆီ အသွင်ပြောင်းလာတာကတော့ ၀မ်းနည်းစရာပါပဲ။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ပူပူနွေးနွေး ဆင်နွှဲခဲ့ကြတဲ့ သူခိုးကြီးညမှာဆိုရင် လူတချို့ဟာ
တစ်ပါးသူတွေရဲ့ ပစ္စည်းတွေကို တစ်စုံတစ်ရာ အကြောင်းပြချက် မရှိဘဲ ဖျက်လိုဖျက်ဆီး
ပြုလုပ်ကြတဲ့အထိ ဓလေ့ကို အကျည်းတန်စေခဲ့ပါတယ်။

ဒါကြောင့် မြန်မာတိုင်း(မ်) ဧည့်သည်ကာတွန်း ဆရာ TTO က တစ်ပါးသူကို မထိခိုက်စေဘဲ
ရိုးရိုးသားသားနဲ့ ပျော်ပျော်ပါးပါး ဆင်နွှဲကြတဲ့ သူခိုးကြီးညရဲ့ ပုံရိပ်လေးတွေကို ခြယ်မှုန်း
ဖော်ပြပေးလိုက်ပါတယ်။

လာမယ့်နှစ်တွေမှာလည်း သူခိုးကြီးညလေးကို လူတိုင်း အဆိပ်အတောက် ကင်းကင်းနဲ့
ဆင်နွှဲ ပျော်ရွှင်နိုင်စေဖို့ မြန်မာတိုင်း(မ်)က ဆန္ဒပြုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။