Prime time for pasta primavera

ပြီးခဲ့တဲ့အပတ်က Minestrone soupကို စမ်းချက်ကြည့်ပြီးFrozen peas တွေ လက်ကျန်ရှိနေ
သေးရင် စိတ်မပူပါနဲ့။  ဒီတစ်ပတ်ဖော်ပြလိုက်တဲ့ pasta primavera သို့မဟုတ် ကရင်မ်ပျစ်ပျစ်
sauce နဲ့  bow pasta ချက်နည်း နောက်တစ်မျိုး ထပ်ပြီး စမ်းချက်ကြည့်နိုင်ပါတယ်။

မိုးအကုန် ဆောင်းအကူးကာလမို့ နေ့ဘက်တွေမှာ အပူချိန်ပိုလာလို့ ပူလာပေမယ့် ညနေဘက်
အချိန်တွေမှာ အရင်ကလောက် သိပ်မပူတော့တာမို့ ကရင်မ်ပါတဲ့ pasta sauce တွေကို ညစာ
အတွက် စီစဉ်ချက်ပြုတ်၊ မြည်းစမ်းနိုင်ဖို့ အခွင့်အရေးရလာပြီလို့ဆိုရမှာပါ။

နောက်ပြီး အစိမ်းရောင်တောက်တောက် ပဲစေ့လေးတွေကလည်း ဒီ pasta dish ကို အမြင်
လန်းဆန်းစေသလို အရသာလည်း ထူးစေပါတယ်။

ဖြိုးအနေနဲ့ ဒီ pasta sauce ကို ပျော်ပျော်ကြီးချက်လေ့ရှိပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ ဒီ
sauce ကို ချက်ရင်းနဲ့ mini antipasto အဖြစ် proscuiutto နဲ့parmigiano cheese သို့မဟုတ်
parmesan cheese ကို ၀ိုင်လေးတစ်ခွက်နဲ့ မြည်းလိုက်၊ sauce ထဲထည့်ဖို့ လှီးလိုက်၊ ခြစ်လိုက်
နဲ့ ဇိမ်ကို ကျနေတာပါပဲ။

အများကြီးလည်း လှီးချွတ်ပြင်ဆင်စရာ မလိုပါဘူး။ အဆင့်တွေ သိပ်မများဘဲ လွယ်လွယ်ကူကူ
ချက်လို့ရတဲ့ ဒီ pasta sauce ကို အေးစက်နေတဲ့ rose လို့ခေါ်တဲ့ ၀ိုင်ကို မြည်းစမ်းရင်း အနား
ယူရင်းနဲ့ ချက်လိုက်ကြရအောင်။
 
ပါဝင်ပစ္စည်းများ (ခြောက်ယောက်စာ)
Frozen peas ၁ ၂/၁  ခွက်
ကြက်သွန်မြိတ် ၄-၅ ပင်
(၂.၅စင်တီမီအရှည်လောက်လှီးပါ)
Prosciutto ၂၅၀ ဂရမ်
(အရှည်လိုက်လှီးဖြတ်ထားပေးပါ)
သံလွင်ဆီ  စားပွဲတင်ဇွန်း နှစ်ဇွန်း
ဟင်းချက်ကရင်မ်(ခသသုငညါ ခမနော)
၁ ၁။၂ ခွက်
အငန်လျော့ထားသည့်
ကြက်သားရည် (chicken stock)
တစ်ခွက်
ဖဲပြား  pasta (bow pasta)
၆၀၀ ဂရမ်
ခပ်နုပ်နုပ်ခြစ်ထားသော Parmesan cheese 2/3 ခွက် နှင့် ပွဲပြင်ရန် အတွက် အနည်းငယ် ပိုခြစ်ထားပါ။

ပြင်ဆင်ပုံ
Froze peas ကို ဆူနေတဲ့ ဆားအနည်းငယ်ထည့်ထားတဲ့ ဆားရည်ထဲမှာ နူးလာတဲ့အထိ ပြုတ်ပါ။
ပြီးရင် ရေစစ်ပြီး ရေခဲရေထဲကို ချက်ချင်း စိမ်ထားပါ။ ဒါမှ စိမ်းနေတဲ့ ပဲစေ့လေးတွေရမှာဖြစ်ပါတယ်။
ပဲစေ့လေးတွေ တော်တော်လေးအေးစက်သွားပြီဆိုမှာ ရေပြန်စစ်ထားပါ။

အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် သံလွင်ဆီနဲ့ ကြက်သွန်မြိတ်တွေကို ထည့်ကာ Fry pan ထဲသို့
ထည့်ပြီး မီးမပြင်းတပြင်းဖြင့် တစ်မိနစ်ခန့် ဆီသတ်ပါ။

ပြီးရင် proscuiutto ကို ထည့်ကာ နောက်ထပ် နှစ်မိနစ်မျှ ဆီသတ်ပါ။ ဒါမှမဟုတ် ကြက်သွန်
မြိတ်နွမ်းလာခါနီးအထိ ဆီသတ်ပါ။ ငရုတ်ကောင်းနက်မှုန့်ခပ်များများကို ဖြူးကာ ဟင်းချက်ကရင်မ်၊
ကြက်သားရည်ကို ဆက်ပြီး ထည့်ပါ။

Fry pan ကို အဖုံးမအုပ်ဘဲ sauce များ စတင် ပွက်လာသည်အထိ ငါးမိနစ်ခန့်မျှ ဖြည်းဖြည်း
တည်ပါ။ ပြီးရင် ရေစစ်ထားတဲ့ ပဲစေ့တွေကို ထည့်ပြီး sauce ထဲတွင် သမအောင်မွှေပါ။ ပဲစေ့
တွေအားလုံး ပူနွေးလာသည်အထိ မွှေပေးဖို့လိုပါတယ်။

ဒါပေမယ့် sauce ကို သိပ်ပြီးလည်း မပျစ်သွားပါစေနဲ့။ Pasta နဲ့ရောတဲ့အခါမှာ sauce အရမ်း
ပျစ်သွားရင်လည်း ပျစ်ခဲခဲလုံးလုံးကြီး ဖြစ်သွားပါလိမ့်မယ်။  အနည်းငယ် ကျဲတဲတဲ sauce ဖြစ်ဖို့
လိုပါတယ်။

အပေါ့အငန် ကိုမြည်းပြီး ဆားထည့်နိုင်ပါတယ်။ Bow pasta ကိုလည်း ဆား အနည်းငယ်ထည့်ပြီး
အထုပ်မှာ ပါတဲ့ အချိန်အညွှန်းတိုင်းပြုတ်ပါ။ ဆီလုံးဝ မထည့်ပါနဲ့။ ပြီးရင် ရေစစ် ထားပြီး ခြစ်ထား
တဲ့ Parmesan cheese နဲ့ သံလွင်ဆီအနည်းငယ်ကိုထည့်ကာမွှေပါ။

နောက် pasta ကို sauce ချက်ထားတဲ့ fry pan ထဲသို့ ထည့်ကာ နှံစပ်အောင် မွှေပေးပြီး
ချက်ချင်း ပြင်ဆင်ကာ စားသုံးနိုင်ပါတယ်။ 

အပိုခြစ်ထားတဲ့ Parmesan cheese ကို ဖြူးဖို့ မမေ့နဲ့နော်။
 
အိုးကင်းတိုက် မုန်လာဥနီနှင့် စမုန်စပါးစေ့ကြော်မုန်လာဥနီကြီး နှစ်လုံး ဟင်းသီးဟင်းရွက်ဆီ
လက်ဖက်ရည်ဇွန်း လေးဇွန်းရေ ၁။၃ ခွက် စမုန်စပါးစေ့ (fennel seed) လက်ဖက်ရည်ဇွန်း
တစ်ဇွန်း မုန်လာဥနီကို အခွံခွာပြီး နှစ်မီလီမီတာ အထူလောက် လှီးပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။