ဗေဒါရီရဲ့ ဟင်းလျာ (မြူရွက်သုပ်)

ပါဝင်ပစ္စည်း

  • မြူရွက် ၃ စည်း 
  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့် အနည်းငယ် 
  • ဆီချက် ၂ ဇွန်း
  • မြေပဲထောင်း ၂ ဇွန်း

ပြင်ဆင်ပုံ

မြူရွက်များကို သင်ပါ။ ရေစင်အောင် ဆေးပြီး ရေပွက်ပွက်ဆူတွင် ခဏထည့်ပြုတ်ပါ။

ပြီးရင် ရေအေးစိမ်ပြီး ရေစစ်ထားပါ။

ထို့နောက် ဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်၊ ထောင်းထားသောမြေပဲ စသည်တို့ဖြင့် နယ်ပါ။

အချဉ်ကြိုက်ရင် သံပရာသီးအနည်းငယ် ညှစ်ထည့်ပါ။

ဒါဆိုရင်တော့ အရွက်အိအိလေးနဲ့ ဆိမ့်ဆိမ့်လေးဖြစ်တဲ့ မြူရွက်သုပ်ကို အချိန်တိုအတွင်းမှာ
အရသာရှိရှိ သုံးဆောင်နိုင်ပါပြီရှင်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။