ဗေဒါရီရဲ့ ဟင်းလျာ (မရန်းသီးငါးပိကြော်)

ဒီတစ်ပတ်တော့ ဗေဒါရီက မရန်းသီးပေါ်ချိန်ဆိုတော့ အသားဟင်းထက်တောင် ထမင်းမြိန်စေတဲ့
မရန်းသီး ငါးပိကြော်လေးကို ချက်ပေးထားပါတယ်။

စာဖတ်ပရိသတ်ကြီးလည်း ချက်စားကြည့်လိုက်ကြပါဦး။

ပါဝင်ပစ္စည်းများ

  • မရန်းသီး ၁၀ ကျပ်သား
  • ဆီ ၅ ကျပ်သား
  • ပုစွန်ခြောက်မှုန့် ၃ ဇွန်း
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ  ၂ မြွှာ
  • ငရုတ်သီးခွဲခြမ်း ၂ ဇွန်း
  • ငါးပိစိမ်းစား အနည်းငယ်
  • ဆား အနည်းငယ်

ပြင်ဆင်ပုံ

မရန်းသီးတွေကို လေးစိတ် စိတ်၊ အစေ့ထုတ်ပြီး ရေစိမ်ထားပါ။

ဆီအိုးတည်လိုက်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီကို ဆီသတ်ပါ။

ဆီသတ်နေတဲ့ အရောင်ပြောင်းလာပြီဆိုရင် ငရုတ်သီးခွဲကြမ်း ထည့်ပါ။

ငါးပိစိမ်းစားပါ ထည့်ပြီးမွှေပါ။

အားလုံး နှံ့ပြီဆိုရင် ပုစွန်ခြောက်နဲ့ ဆားကို ထည့်ပါ။

ငါးမိနစ်လောက်နေမှ မရန်းသီးစိတ်တွေကို ထည့်မွှေပါ။

မရန်းသီး နွမ်းလာပြီ၊ အရသာလည်း စိတ်ကြိုက်ဖြစ်ပြီဆိုရင် ဟင်းအိုးကို မီးဖိုပေါ်က ချလို့ရပါပြီ။

ဒီဟင်းလေးကို ထမင်းပူပူလေးနဲ့စားရင် အင်မတန်မှ ခံတွင်းမြိန်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။