ဗေဒါရီရဲ့ ဟင်းလျာ (သင်ပေါင်းဖူးရွက်သုပ်)

ဒီတစ်ပတ်တော့ ဗေဒါရီက အညာဒေသတွေမှာ တွေ့ရလေ့ရှိတဲ့ သင်ပေါင်းဖူးရွက်ကို အသုပ်လေး
ပြုလုပ်ပေးထားပါတယ်။

အရသာခါးဆိမ့်ဆိမ့်လေးနဲ့ လျှာပေါ်စွဲစေတဲ့ ရာသီစာအသုပ်လေးပဲ ဖြစ်ပါတယ်။

ဆောင်းအကုန် နွေအကူးချိန်မှာ အရွက်နုလေးတွေရတတ်ပြီး ရန်ကုန်မှာတော့ တောဈေးသည်တွေမှာ
ဝယ်ယူရရှိနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်ပေါင်းဖူးရွက် ၁၀ သား
  • ကြက်သွန်နီ ၂ ဥ
  • ဆီချက် ၄ ဇွန်း
  • မြေပဲ ၂ ဇွန်း
  • ဆား အနည်းငယ်
  • ဟင်းခတ်မှုန့် အနည်းငယ်
  • သံပရာသီး တစ်ခြမ်း

ပြင်ဆင်ပုံ

သင်ပေါင်းဖူးရွက်တွေကို ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူမှာ ပြုတ်ပါ။

ပြီးရင် ရေစစ်ထားပါ။

ကြက်သွန်ပါးပါးလှီးထားပါ။

မြေပဲ ထောင်းထားပါ။

အားလုံးပြီးပြီဆိုရင် သင်ပေါင်းဖူးရွက်၊ ကြက်သွန်နီ၊ ဆီချက်၊ ဆားနဲ့ ဟင်းခတ်မှုန်တို့ ရောထည့်ပါ။

သံပရာရည် ညှစ်ထည့်ပြီး ရောနယ်ပါ။

အပေါ့အငန် အဆင်ပြေပြီဆိုရင် မြေပဲထောင်းကိုဖြူးပြီး စားသုံးလို့ ရပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။