မြန်မာရိုးရာစားစရာ (ရွှေရင်အေး)

အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)

နွေပူပူမှာ လူတိုင်းအကြိုက်တွေ့တာက ချိုအေးပြီး မွှေးနေတဲ့ ရွှေရင်အေးပါ။

'ကိုကျော်သူ ရွှေရင်အေးဆိုင်' က မဟာဗန္ဓုလလမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့်(အလယ်ဘလောက်)၊
ပန်းဆိုးတန်းကားမှတ်တိုင်နားက ပလက်ဖောင်းဘေးမှာ ဖွင့်ထားတာပါ။

လမ်းဘေးဆိုင်ဆိုလို့ အထင်တော့ မသေးလိုက်ပါနဲ့။

ဆိုင်သက်တမ်းက ၁၈ နှစ်ရှိပြီး ဖောက်သည်တွေနဲ့ အမြဲစည်ကားနေပါတယ်။

ဆိုင်ရှင်ကိုကျော်သူရဲ့ ရွှေရင်အေးလက်ရာက ကောက်ညှင်းစေးစေး၊ အုန်းနို့ကျောက်ကျော၊ ပေါင်မုန့်၊
အုန်းနို့၊ နို့စိမ်း၊ မုန့်လက်ဆောင်းဖတ်တွေကို အချိုးကျ ကောင်းမွန်အောင်ထည့်ထားတာမို့
ချိုအီပြစ်ခဲနေတာမျိုးမဟုတ်ဘဲ ပေါ့ပါးပြီး စားကောင်းပါတယ်။

ပိတ်ရက်မရှိဘဲ နေ့စဉ်မနက် ၈ နာရီခွဲကနေ ညနေ ၄ နာရီဝန်းကျင်အထိ ဖွင့်လှစ်ထားတဲ့
ဒီဆိုင်က ၂၀၀၈ ခုနှစ်မှာ MRTV-4 က ကျင်းပတဲ့ အစားအစာပြိုင်ပွဲမှာ ရွှေရင်အေးလက်ရာ
ပထမဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဆိုင်မှာ စားမယ်ဆိုရင် ရွှေရင်အေးတစ်ပွဲ ကျပ် ၅၀၀ ဖြစ်ပြီး ပါဆယ်ဝယ်မယ်ဆိုရင်တော့ ပိုထည့်ရတဲ့
အုန်းနို့နဲ့ တခြားအမည်တွေကြောင့် ကျပ် ၆၀၀ သတ်မှတ်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။