အိမ်လုပ်ဖျော်ရည် လုပ်သောက်ကြမယ်

အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ရောနှောပြီး ဖျော်ရည် ပြုလုပ်လို့ရပါတယ်။

ဖျော်ရည်ထဲမှာ ဟင်းသီးဟင်းရွက်တွေထည့်ပြီး ပြုလုပ်ရတာကိုလည်း ခန္ဓာကိုယ်အတွက်
ဘေးအန္တရာယ် ရှိနိုင်မလား ဆိုပြီး စိတ်မပူပါနဲ့။

အသီးအနှံတွေကတော့ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အချိုဓာတ်ကို ဖြည့်ဆည်းပေးပါတယ်။

ဒါ့ပြင် မုန်လာဥနဲ့ မုန်ညင်းရွက်ကလည်း အရမ်းကိုချိုတဲ့ဟင်းသီးဟင်းရွက်တွေပါ။

သူတို့ဆီကနေ နှစ်လိုဖွယ်ကောင်းတဲ့ မြေသင်းရနံ့က ပန်းသီး၊ လိမ္မော်တို့အတွက် အကောင်းဆုံး
အတွဲအဖက်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အနီရောင်ပန်းသီး ခပ်ကြီးကြီး ၂ လုံး
  • မုန်လာဥနီ ခပ်ကြီးကြီး ၂ ချောင်း
  • လိမ္မော်သီး ၁ လုံး
  • မုန်ညင်းရွက် ၃ (သို့) ၄ ရွက်
  • ရေခဲ (ကြိုက်နှစ်သက်သလောက် ပမာဏ)

ပြင်ဆင်ပုံ

အရင်ဆုံး အမည်တွေအားလုံးကို ရေဆေးသန့်စင်ပါ။

ပြီးတော့မှ ကြိတ်စက်ထဲမှာ အဆင်ပြေပြေနဲ့ ထည့်ကြိတ်နိုင်တဲ့ အရွယ်အစားမျိုး လှီးဖြတ်ပါ။

လှီးဖြတ်ပြီးတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြိတ်စက်ထဲမှာ ကြေညက်သွားတဲ့အထိ
ထည့်ကြိတ်ပါ။

ခပ်ပျစ်ပျစ်လေး သောက်ရတာကြိုက်တယ်ဆိုရင်တော့ ခွက်ထဲတန်းထည့်ပြီး သောက်သုံးနိုင်ပါပြီ။

ကျဲကျဲလေး သောက်ချင်တယ်ဆိုရင်တော့ ကြိတ်ပြီးတဲ့အခါ သန့်စင်တဲ့ ရေစစ်တစ်ခုထဲမှာ ထည့်ပြီး
အရည်တွေကိုပဲ စစ်ယူပါ။

ပျစ်ပျစ်ပဲကြိုက် ကြိုက်၊ ကျဲကျဲပဲကြိုက်ကြိုက် လုပ်ပြီးတာနဲ့ လတ်လတ်ဆတ်ဆတ် ချက်ချင်းသောက်ပါ။

food.allwomenstalk.com

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။