ခန္ဓာကိုယ်အတွက် စွမ်းအားရှင် စတော်ဘယ်ရီဖျော်ရည်

စတော်ဘယ်ရီကို ခန္ဓာကိုယ်တွင်းမှာ ကိုယ်ခံအားစနစ် အားကောင်းစေတဲ့ အာဟာရဓာတ်တွေ
အများအပြား ပေးစွမ်းနိုင်တဲ့ စွမ်းအားရှင်လို့တောင် တင်စားနိုင်ပါတယ်။

ကယ်လိုရီ ပါဝင်နှုန်း နည်းပြီး ဗီတာမင်စီဓာတ်နဲ့ သံဓာတ်တို့ မြင့်မားစွာ ပါဝင်ပါတယ်။

အမျှင်ဓာတ်လည်း ပါဝင်တာမို့ သောက်သုံးတဲ့အခါ ဗိုက်ပြည့်စေပါတယ်။

ဒါကြောင့်မို့ မနက်ခင်းပိုင်းမှာ စတော်ဘယ်ရီဖျော်ရည်တစ်ခွက် သောက်သုံးထားတယ်ဆိုရင်
နေ့လယ်စာစားချိန်အထိ အဆာခံနိုင်ပါတယ်။

စတော်ဘယ်ရီသီးနဲ့ ဒိန်ချဉ်ကတော့ အကောင်းဆုံး အတွဲအဖက်ပါပဲ။

ပြုလုပ်နည်းကလည်း လွယ်လွယ်လေးပါ။

သေချာသန့်စင်ထားတဲ့ စတော်ဘယ်ရီသီးတွေနဲ့ ဒိန်ချဉ်ကို ကြိတ်စက်ထဲထည့်ပြီး ရောမွှေလိုက်ရုံပါပဲ။

အေးအေးလေး သောက်ချင်ရင်တော့ ရေခဲတုံးလေးတွေ ထည့်သောက်ပေါ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။