သူ့ပြဿနာနဲ့သူ ...

အဘွားအိုသုံးဦးဟာ သူတို့ ကြုံနေရတဲ့ ပြဿနာတွေအကြောင်းကို ပြောနေကြပါတယ်။

ရု့သ် (အသက် ၆၀) - "အသက် ၆၀ အရွယ်ဟာ တော်တော်လေးကို နေလို့ထိုင်လို့ မကောင်းတော့တဲ့
အရွယ်ပါပဲရှင်။ အမြဲတမ်း ဆီးသွားချင်နေတာပဲ။ တကယ်တမ်းကျတော့လည်း မထွက်ဘူး"

မက်ဆီ (အသက် ၇၀) - "အဲဒါက ဘာမှမဟုတ်သေးဘူးအေ။ အသက် ၇၀ ပြည့်ပြီဆိုတာနဲ့
ဝမ်းသွားဖို့က ခက်လာပြီ။ ၀မ်းနုတ်ဆေးတွေ စားတာတောင်မှ အိမ်သာထဲသွားထိုင်တာ
ဘာမှထွက်ကျမလာဘူး"

ဂလီဒါ (အသက် ၈၀) - "အသက် ၈၀ က အဆိုးဆုံးပါပဲအေ"

ရု့သ် - "ဘာဖြစ်တာလဲ.. ရှင်လည်း ဆီးသွားရတာ ခက်တာပဲလား"

ဂလီဒါ - "မခက်ပါဘူး။ မနက်တိုင်း ၆ နာရီဆိုတာနဲ့ ဆီးသွားတာပဲ။ သွားတာမှ ပြိုင်မြင်းတစ်ကောင်
ရှူးပေါက်ချလိုက်သလိုပဲ။ ဒလဟောထွက်တာ"

မက်ဆီ - "ဆီးမဟုတ်တော့ ၀မ်းသွားရတာ ခက်တာလား"

ဂလီဒါ - "မဟုတ်ဘူး။ မနက်တိုင်း ၆ နာရီခွဲပြီဆိုတာနဲ့ ၀မ်းသွားတော့တာပဲ"

ရု့သ် - "ဒါဆိုလည်း တည့်တည့်ပဲ ပြောပြပါရှင်။ အသက် ၈၀ မှာ ကြုံရတဲ့ ပြဿနာက ဘာလဲတော့"

ဂလီဒါ - "ပြဿနာက မနက် ၇ နာရီအထိ မနိုးတာပါပဲအေ"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။