မိန်းမတို့ရဲ့ အတွေး ...

ခင်ပွန်းသည်က ဇနီးဖြစ်သူဆီကို ဖုန်းမက်ဆေ့ခ်ျ ပို့လိုက်ပါတယ်။

"မိန်းမရေ .. ရုံးရှေ့မှာ ကိုယ်ကားတိုက်ခံရလို့။ ပေါ်လနီက ကိုယ့်ကို ဆေးရုံခေါ်သွားပေးလို့ပေါ့ကွာ။
ဆေးစစ်တာတွေရော၊ ဓာတ်မှန်ရိုက်တာတွေပါ လုပ်နေတယ်။ ခေါင်းကို ထိတဲ့ အရှိန်က
တော်တော်လေးပြင်းပေမဲ့ အထဲမှာ သိပ်ဆိုးဆိုးရွားရွားကြီး မဖြစ်ဘူးလို့တော့ ထင်တာပဲ။
ဒါပေမဲ့ နံရိုး သုံးချောင်း ကျိုးသွားတယ်။ လက်တစ်ဖက်လည်း ကျိုးသွားတယ်။ ဘယ်ခြေကလည်း
နည်းနည်းအက်သွားတယ်။ ညာခြေထောက်ကလည်း မဖြတ်ရလောက်ဘူး ထင်တယ်"

ဇနီးသည် ပြန်ပို့လိုက်တဲ့ ဖုန်းမက်ဆေ့ခ်ျက "ပေါ်လနီက ဘယ်သူတုံး"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။