ကံကောင်းသွားတဲ့ ဖခင် ..

သတို့သမီးဟာ ဖခင်ဖြစ်သူကိုအနမ်းပေးလိုက်ပြီး လက်ထဲကိုလည်း တစ်စုံတစ်ခု ထည့်ပေး
လိုက်ပါတယ်။ မင်္ဂလာခန်းမထဲက ဧည့်သည်တွေဟာ သတို့သမီး သူ့အဖေကို ဘာပေးလိုက်
သလဲဆိုတာကို တွေးတောပြီး သိချင်နေကြပါတယ်။

မျက်လုံးတွေအားလုံးကလည်း သတို့သမီးဖခင်ဆီသာ ရောက်နေကြတာမို့ အမျိုးသား ကြီးဟာ
အားလုံးကိုပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

"ဧည့်သည်တော်များခင်ဗျာ .. ဒီနေ့ကတော့ ကျွန်တော့် အတွက် ကံအကောင်းဆုံးနေ့ တစ်နေ့ပါပဲဗျာ" လို့
ပြော လိုက်ရင်း သတို့သမီးပေးတဲ့အရာကို လူအားလုံး မြင်အောင် ပြလိုက်ပါတယ်။ "ကျွန်တော့်ရဲ့
သမီးဟာ နောက်ဆုံးမှာတော့ ကျွန်တော့်ရဲ့အကြွေးဝယ်ကတ်ကို ကျွန်တော့်ကို ပြန်ပေးလိုက်ပါပြီ"လို့
ဆက်ပြောလိုက်တဲ့အချိန်မှာ ခန်းမထဲက လူတွေအားလုံးဟာ အားပါးတရ ရယ်မောကြပါတော့တယ်။
ဒါပေမဲ့ တစ်ယောက် သောသူကတော့ မရယ်မောနိုင်ဘဲ တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ သူကတော့
သတို့သားပါပဲ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။