ဗေဒါရီရဲ့ ဟင်းလျာ (စိန်စဘော်ညွန့်ကြော်ချက်)

ဒီတစ်ပတ်တော့ ဗေဒါရီက အများအားဖြင့် ပြုတ်ပြီးတို့စားလေ့ရှိတဲ့ စိန်စဘော်ညွန့်ကို ငါးပိ၊
ပုစွန်ခြောက်မှုန့်၊ ငရုတ်ခွဲခြမ်းမှုန့်တို့နဲ့ ခပ်စပ်စပ်၊ လေးလေးပင်ပင် အရသာမျိုးလေး ကြော်ချက်ပုံစံ
ချက်ထားပါတယ်။

ထမင်းမြိန်စေမယ့် အရံဟင်းတစ်မည်ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စိန်စဘော်ညွန့် ၂ စည်း
  • ကြက်သွန်ဖြူ ၂ မြွှာ
  • ကြက်သွန်နီ ၁ ဥ
  • ငါးပိ အနည်းငယ်
  • ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၃ ဇွန်း
  • ဆား အနည်းငယ်
  • ဆီ အနည်းငယ်
  • ငရုတ်သီးခွဲခြမ်း အနည်းငယ်

ပြင်ဆင်ပုံ

စိန်စဘော်ညွန့်တွေကို အပိုင်းသေးလေးတွေ ပိုင်းဖြတ်ပြီး ရေဆေးသန့်စင်ပါ။

ဆီအိုးတည်ပြီး ကြက်သွန်အဖြူ၊ အနီ ထည့်ဆီသတ်ပါ။

ကြက်သွန်နွမ်းပြီဆိုမှ ငရုတ်သီးခွဲခြမ်း ထည့်မွှေပါ။

တစ်အောင့်လောက်ကြာမှ ငါးပိ၊ ပုစွန်ခြောက်မှုန့်နဲ့ ဆားတို့ ထည့်မွှေပါ။

မွှေတာနှံ့ပြီဆိုရင် သန့်စင်ထားတဲ့ စိန်စဘော်ညွန့်တွေ ထည့်ချက်ပါ။

အစိမ်းလည်း ပျောက်ပြီဆိုရင် အရသာမြည်းကြည့်ပြီး စိတ်ကြိုက်ဖြစ်ပြီဆိုပါက မီးဖိုပေါ်က ချလို့ရပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။