ဗေဒါရီရဲ့ ဟင်းလျာ (ကြောင်လျှာသီးကြော်ချက်)

ဒီတစ်ပတ်တော့ ဗေဒါရီက ထမင်းပူပူလေးနဲ့ စားလို့ လိုက်ဖက်လှတဲ့ ကြောင်လျှာသီးကြော်
ချက်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ငွေလည်း အကုန်အကျမများ၊ ချက်လို့လည်း လွယ်ကူပြီး ထမင်းလည်းမြိန်စေတဲ့
ဟင်းကောင်းတစ်ခွက်ပါလို့။

ပါဝင်ပစ္စည်းများ

  • ကြောင်လျှာသီး ၁ တောင့်
  • ဆီ ၁၅ ကျပ်သား
  • ကြက်သွန်နီ ၁ လုံး
  • ကြက်သွန်ဖြူ  ၂ မြွှာ
  • ငါးပိနှင့် ဆား အနည်းငယ်စီ
  • ပုစွန်ခြောက်မှုန့် ၂ ဇွန်း (ထမင်းစားဇွန်း)
  • ငရုတ်သီးခွဲခြမ်း ၁ ဇွန်း (ထမင်းစားဇွန်း)

ပြင်ဆင်ပုံ

အရင်ဆုံး ကြောင်လျှာသီးကို ရေဆေး ပါးပါးလှီးပြီး ဆားရည်စိမ်ထားပါ။

ကြက်သွန်အဖြူ၊ အနီထောင်းပြီး ငရုတ်သီးခွဲခြမ်းနဲ့ ဆီသတ်ပါ။ ဆီသတ်နံ့ မွှေးလာပြီဆိုရင် ငါးပိနဲ့
ပုစွန်ခြောက်မှုန့်တို့ ထည့်ပြီး ရောမွှေပါ။

ဆားရည်စိမ်ထားတဲ့ ကြောင်လျှာသီးတွေကို ရေညှစ်ပြီးထည့်ချက်ပါ။

ဆားထည့်ပါ။

ကြောင်လျှာသီးအစိမ်းနံ့ ပျောက်ပြီဆိုရင် အပေါ့အငန်မြည်းကြည့်ပြီး စိတ်ကြိုက်ဖြစ်ပြီဆိုရင်
ဟင်းအိုးချလို့ရပါပြီ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။