အမျိုးသမီးဆိုတာ ...

အမျိုးသမီးတစ်ဦးဟာ ပွဲတစ်ခုတက်ဖို့အတွက် ခင်ပွန်းသည်နဲ့အတူ ဈေးဝယ်ထွက်ပါတယ်။

ဝတ်စုံပေါင်းများစွာကို ကြည့်ပြီးတဲ့နောက်မှာ အထည် ၁၀၀ လောက်ကို ရွေးထုတ်လိုက်ပြီး
အဲဒီထဲကမှ စမ်းဝတ်ကြည့်ဖို့ ၂၅ ထည်ကို ရွေးလိုက်ပါတယ်။

အဲဒီ ၂၅ ထည်ထဲကမှ အကောင်းဆုံး ငါးထည်ရွေးပေးဖို့ ခင်ပွန်းသည်ကို အကူအညီ
တောင်းလိုက်ပါတယ်။

နောက်ဆုံးမှာတော့ အမျိုးသမီးဟာ သုံးနာရီအတွင်းမှာ အကြိုက်ဆုံးတစ်ထည်ကို
ရွေးလိုက်နိုင်ပါတယ်။

အမျိုးသားဟာ ငွေရှင်းပေးလိုက်ပြီး "ရှေးခေတ်က အာဒမ် ကတော့ သိပ်ကံကောင်းတာပဲကွာ။
ဧ၀နဲ့ သူက သစ်ရွက်တွေကိုပဲ ၀တ်တာ မဟုတ်လား။ ဒီတော့ အချိန်တွေ အလဟဿ
မကုန်တော့ဘူးပေါ့ကွာ"လို့ ပြောလိုက်ပါတယ်။

အမျိုးသားစကားအဆုံးမှာ အမျိုးသမီးပြောလိုက်တာက "ယောက်ျားရယ် .. အာဒမ် တစ်ယောက်
ဧ၀အတွက် သစ်ပင်ပေါင်း ဘယ်နှပင် လောက် တက်ခဲ့ရသလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။