Monday, April 24, 2017

အကြံပေး ဆွေးနွေးသူ ...

မဂ္ဂဇင်းတွေမှာ ဖော်ပြတဲ့ ချစ်မှုရေးရာ၊ အိမ်ထောင်ရေးရာအကြောင်း မေးမြန်ခန်း၊ အကြံပေးခန်းတွေမှာ
အကြံပေးဆွေးနွေးသူက ဘာကြောင့် အမျိုးသမီးတွေပဲ ဖြစ်နေရတာလဲ။

"ချစ်မှုရေးရာဆရာကြီးရှင့် ... ကျွန်မက အသက် ၂၆ နှစ်ရှိပြီး အိမ်ထောင်ရှိပါတယ်။
ကလေးတစ်ယောက်လည်း ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က ခင်ပွန်းသည် နားရက်မှာ ကျွန်မက
အလုပ်သွားရပါတယ်။ ဒီတော့ သူနဲ့ အိမ်အကူအမျိုးသမီးရယ်၊ ကလေးရယ် အိမ်မှာ ကျန်ခဲ့ပါတယ်။
အိမ်ကနေ ကားမောင်းလာလိုက်တာ နှစ်ကီလိုမီတာလောက်ပဲ ရောက်သေးတယ်၊ ကားအင်ဂျင်က
အရမ်းပူလာတာမို့ ယောက်ျားရဲ့ ကားနဲ့ပြန်ချိန်းဖို့ အိမ်ကို ပြန်မောင်းလာခဲ့ပါတယ်။
အိမ်လည်းရောက်ရော ယောက်ျားနဲ့ အိမ်အကူတို့ ချစ်ကြည်နူးနေကြတာကို တွေ့လိုက်ရပါတယ်။
ဒီကိစ္စကို ကျွန်မလည်း ဘယ်လိုလုပ်ရမှန်းကို မသိတော့ပါဘူးရှင့်။ ကျေးဇူးပြုပြီး ကူညီပေးပါဦးနော်။"

- မှ/ဂျက်ဆီကာ

အမျိုးသားအကြံပေးဆွေးနွေးသူထံမှ ပြန်စာကတော့ ...

"ချစ်သော ဂျက်ဆီကာ ...ခဏလေးပဲ မောင်းရသေးပြီး အင်ဂျင်က ပူလာတာဆိုတော့ ပြဿနာက
ကာဗရက်တာနဲ့ ဆိုင်လိမ့်မယ်။ အိမ်ကနေ မထွက်ခင် ကားအင်ဂျင်ထဲမှာ ဆီနဲ ရေ ရှိသင့်တဲ့
ပမာဏရှိသလားဆိုတာ စစ်ဆေးသွားသင့်တယ်။ ပြီးတော့ ဒီလိုပြဿနာမျိုး နောက်ထပ်မကြုံရအောင်
ကားတစ်စီးလုံးကိုလည်း အမြဲပုံမှန်စစ်ဆေးပေးဖို့ လိုအပ်တယ်။ ကျွန်တော့်ရဲ့အကြံပေးချက်တွေက
ခင်ဗျားအတွက် အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။