မြင်းမ ...

အမျိုးသားတစ်ယောက်ဟာ ထိုင်ခုံတစ်လုံးမှာထိုင်ပြီး စိတ်ဝင်တစားနဲ့ သတင်းစာဖတ်နေချိန်မှာ
သူ့ဇနီးဟာ သူ့အနောက်ကို တိတ်တိတ်ကလေးရောက်လာပြီး ဟင်းချက်ဒယ်ပြားနဲ့
နဖူးကို ပိတ်ရိုက်လိုက်ပါ တော့တယ်။

အမျိုးသား- "ဟ ..ဘာလဲဟ။ငါ့ကို ဘာလို့ရိုက်တာလဲ"

အမျိုးသမီး- "ဘာလို့ရိုက်တာလဲ ..ဟုတ်လား။ ရှင့်ဘောင်းဘီအိတ်ထဲက 'မေရီ'လို
့ရေးထားတဲ့ စာရွက်တစ်ရွက် တွေ့လို့ ရိုက်တာပေါ့"

အမျိုးသား -"ဘာတွေ လျှောက်ပြောနေတာလဲ။ အဲဒါ လွန်ခဲ့တဲ့ နှစ်ပတ်က ငါသွားခဲ့တဲ့မြင်းပွဲက
ငါလောင်းခဲ့တဲ့ မြင်းတွေထဲက မြင်းမတစ်ကောင်ရဲ့ နာမည်ကွ"

ခင်ပွန်းသည်ရဲ့စကားကြောင့် အမျိုးသမီးဟာ ကျေနပ်သွားပြီး သူရိုက်မိတဲ့အတွက်
ပြန်ပြီးတောင်းပန်လိုက်ပါတယ်။ သုံးရက်ကြာပြီးတဲ့ နောက်မှာ ထုံးစံအတိုင်း
အမျိုးသားဟာ ထိုင်ပြီးစာဖတ်နေတုန်း အရင်တစ်ခေါက်ကထက် ပိုကြီးတဲ့
ဒယ်ပြားကြီးနဲ့ အရိုက်ခံလိုက်ရ ပြန်ပါတယ်။

အမျိုးသား (စိတ်ဆိုးတဲ့လေသံနဲ့) "ဘာဖြစ်ရပြန်ပြီလဲကွ ..ဟေ"

အမျိုးသမီး- "ရှင့်မြင်းမ အိမ်ကို ဖုန်းဆက်လို့လေ"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။