ယောက်ျားလုပ်ရတာ ခက်သား ….

အမျိုးသားတစ်ဦး ရုံးမှာ အလုပ်လုပ်နေစဉ်မှာပဲ သူ့ဇနီးသည်ဆီကနေ ဖုန်းဝင်လာပါတယ်။

ဇနီး- "ယောက်ျားရေ ဒီနေ့က ဘယ်နှရက်နေ့လဲဟင်"

ခင်ပွန်း- "စက်တင်ဘာ ၁၄ ရက်နေ့လေကွာ"

ခင်ပွန်းသည်ထံကနေ အဖြေကြားပြီးတာနဲ့ အမျိုးသမီးလည်း ဖုန်းကို ချလိုက်ပါတော့တယ်။
ဒါပေမဲ့ အမျိုးသားကတော့ အတွေး တွေနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။

"ဒီနေ့က သူ့မွေးနေ့လား မဟုတ်ပါဘူး"

"ဒါဆို ... ငါ့မွေးနေ့လား မဟုတ်ပါဘူး"

"မင်္ဂလာနှစ်ပတ်လည်နေ့လား.... မဟုတ်ပါဘူး"

"ငါတို့သားလေးရဲ့မွေးနေ့လာ....း မဟုတ်ပါဘူး"

"သူ့အဖေ (သို့) အမေရဲ့မွေးနေ့လား ....မဟုတ်ပါဘူး"

"ဂက်စ်ဖြည့်ဖို့လား လုပ်ပြီးသွားပါပြီ" "မီတာဆောင်ဖို့လား ပေးပြီးသွားပြီပဲဟာ"

"ဒါဆို... ဒီနေ့က ဘာနေ့ပါလိမ့်"

ဒီလိုနဲ့ အမျိုးသားဟာ ညနေစောင်းလို့ အိမ်ပြန်ရောက်သွားတဲ့ အခါ အိမ်ရှေ့မှာ
ကစားနေတဲ့ သူ့သားလေးကို "သားရေ မီးဖို ချောင်က ရာသီဥတုအခြေအနေ
ဒီနေ့ဘယ်လိုလဲကွ။ တော်နေးဒိုး လား၊ ဆူနာမီလား"လို့ မေးလိုက်ပါတယ်။
ကလေးထံကနေ "ပုံမှန်ပဲ"ဆိုတဲ့ အဖြေရလိုက်တဲ့အခါ "မင်းအမေက အဖေ့ကို
ဒီမနက်က ဒီနေ့ဘာနေ့လဲဆိုပြီး ဖုန်းဆက်မေးတယ်ကွ"လို့ ထပ်ပြော လိုက်ပါတယ်။

သားလေးပြန်ပြောလိုက်တာက "ဪ ဒါလား ပြက္ခဒိန် က စာရွက်တွေကိုဖြဲပြီး
သား ဆော့ပစ်လိုက်လို့လေ။ အဲဒါနဲ့ ဒီနေ့ဘာနေ့လဲဆိုတာ အမေက ရောသွားလို့လေ"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။