စားသုံးသူကို စိတ်ကျေနပ်မှု အပြည့်အ၀ပေးမယ့် အရီးတောင်း လက်ဖက်ဆိုင်

ဈေးသင့်ပြီး အရသာထူးသည့် အရီးတောင်းလက်ဖက်ထမင်း။ကျော်ကိုကို / မြန်မာတိုင်း(မ်)ဈေးသင့်ပြီး အရသာထူးသည့် အရီးတောင်းလက်ဖက်ထမင်း။ကျော်ကိုကို / မြန်မာတိုင်း(မ်)

ဒီတစ်ပတ်မှာတော့ စားသုံးသူတွေကို အရသာ ရော ၀န်ဆောင်မှုမှာပါ စိတ်ကျေနပ်မှု
အပြည့်အ၀ပေးနိုင်မယ့် နိုင်ငံကျော် အရီးတောင်း လက်ဖက်ထမင်းဆိုင်လေးကို
ဖော်ပြပေးချင်ပါတယ်။

မန္တလေးလက်ဖက်ဆိုရင် လက်ဖက်ကောင်းကောင်း ကြိုက်သူများ အတွက် အထူးပြောစရာ
လိုမယ်မထင်ပါဘူး။ အဲဒီလက်ဖက်ကောင်းတွေထဲမှာ အရီး တောင်းလက်ဖက်ဆိုင်လေးလည်း
ပါဝင်ပါတယ်။

စိတ်အေးလက်အေးနဲ့ အနားယူရင်း အရသာခံ စားသောက်တတ်သူတွေအတွက် ကတော့
ဒီဆိုင်လေးက အထူးသင့်တော်ပါ တယ်။ ဆိုင်ထဲမှာ သီးသန့်စားပွဲဝိုင်းလေး တွေကို
ခင်းကျင်းပေးထားပြီးတော့ စားပွဲဝိုင်း တစ်ဝိုင်းချင်းကို ကျယ့်ကျယ်ပြန့်ပြန့် ချထားပေးတဲ့
အတွက် မိသားစုများများ ဒါမှ မဟုတ် သူငယ်ချင်းများများ စားမယ်ဆိုရင်လည်း
အဆင်ပြေနိုင်ပါတယ်။

အရီးတောင်းလက်ဖက်ဆိုင်ကို ၂၆ လမ်း၊ ၆၄ လမ်းနဲ့ ၆၅ လမ်းကြားမှာ ဖွင့်လှစ်ထား
ပါတယ်။ ရိုးရာလက်ဖက်ဆိုင်ဖြစ်တဲ့အတွက် ဆိုင်ရဲ့ မီနူးမှာ ဟင်းပွဲအမည်ကို ဟင်းပွဲပုံနဲ့
အတူ မြန်မာလိုရော အင်္ဂလိပ်လို့ပါ ဖော်ပြ ထားတဲ့အတွက် နိုင်ငံခြားသားဧည့်သည်တွေ
အတွက်ရော ပြည်တွင်းစားသုံးသူတွေ အတွက်ပါ အဆင်ပြေနိုင်ပါတယ်။ ဆိုင်မှာ
လက်ဖက်ထမင်းအပြင် ကြက်ဥထမင်း ကြော်၊ ထမင်းသုပ်လည်း ရနိုင်ပါတယ်။

ထမင်းနဲ့ တွဲစားဖို့ လက်ဖက်နဲ့ ပတ်သက်တဲ့ အသုပ်မျိုးစုံကိုလည်း ရနိုင်ပါသေးတယ်။
ဒီဆိုင်ရဲ့ လက်ဖက်ထမင်းကလည်း အရသာ တစ်မျိုး ထူးပါတယ်။ လက်ဖက်ထမင်းကို
အချိုနဲ့ အစပ် မိမိကြိုက်နှစ်သက်သလို စားသုံးနိုင်ပါတယ်။ လက်ဖက်ထမင်း အစပ်က
အတော်စပ်တဲ့အတွက် အစပ် ရှောင်သူတွေကတော့ အထူးသတိထား စားသုံးသင့်ပါတယ်။

ထမင်းကို လက်ဖက်အသားနှင့် အချိုးကျနယ်ထားပြီးတော့ ကြွေပန်းကန်ပြားပေါ်မှာ
သပ်သပ်ရပ်ရပ် ထည့်ပေးထားပါတယ်။ ထမင်းပုံရဲ့ ဘေးမှာတော့ ခရမ်းချဉ်သီး၊
သံပုရာသီး၊ ငရုတ်သီးအနည်းငယ်ကို ပုံစံကျ လှီးထည့်ပေးထားပြီးတော့ လက်ဖက်
အကြော်စုံကိုလည်း ထည့်ပေးထားပါတယ်။ ဒါ့ပြင် ဒညင်းသီးလက်ဖက်သုပ်၊ ဇယန်း
လက်ဖက်သုပ်၊ ကြက်ခြေနီလက်ဖက်သုပ်၊ ချင်းသုပ်၊ ခရမ်းချဉ်သီးသုပ်စသဖြင့် အသုပ်စုံလည်း
ရနိုင်တဲ့အတွက် ထမင်းနဲ့ တွဲဖက် စားသောက်ဖို့ အဆင်ပြေနိုင်ပါတယ်။

လက်ဖက်ထမင်းတစ်ပွဲကို ကျပ် ၁,၀၀၀ ပေးရပါတယ်။ အသုပ်စုံအတွက်က အသုပ်
အပေါ်မှာ မူတည်ပြီး ကျပ် ၁,၀၀၀ ကနေ ကျပ် ၃,၀၀၀ ၀န်းကျင်အထိ ဈေးရှိပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။