ရွှေတောင်ကြားလမ်းက Sai's Tacos

အာရှမှာ အတော်အတန်ကောင်းတဲ့ မက်ဆီကန်စားသောက်ဆိုင် ရှာတွေ့ဖို့ ဆိုတာ မလွယ်လှ
ပါဘူး။ မြန်မာပြည်မှာ ဆို ပိုလို့တောင် ရှားပါသေးတယ်။ ရန်ကုန် မှာတော့ မက်ဆီကန်အစား
အစာတွေကို ဟိုတယ်တစ်ခုမှာ ၂၀၀၄ ခုနှစ် အထိ တော့ ရနိုင်ပါသေးတယ်။

အဲဒီကနေမှ နောက်ခြောက်နှစ်ကြာ ပြီးမှ Sai's Tacos ဆိုတဲ့ မက်ဆီကန် အစားအစာတွေရတဲ့
ရှမ်းဆိုင်လေး တစ်ဆိုင် ရွှေတောင်ကြားလမ်းထဲမှာ ရှိလာခဲ့ပါတယ်။ ဒီဆိုင်လေးမှာ မက်ဆီကန်
အစား အစာ တော်တီလာကို အသားစဉ်းကော၊ ပဲတွေနဲ့ လိပ်ထားတဲ့ burritos၊ ချိစ်တွေ
နဲ့ ခပ်စပ်စပ်လေးစားလို့ရတဲ့ quesa dillas၊ tacos၊ chalupas၊ taco အရွက်သုပ်စတဲ့ မက်ဆီကန်
အစားအစာ မျိုးစုံကို ရနိုင်ပါတယ်။ ရေသန့်၊ အအေး မျိုးစုံ၊ လက်ဖက်ရည်နဲ့ ကော်ဖီအပူ အအေး
နှစ်မျိုးစလုံး ရနိုင်ပေမယ့် ယမကာတာ့ မရပါဘူး။

Burritos တစ်ပွဲ ကျပ် ၂,၇၀၀ ကို ကြက်သား၊ ၀က်သား (သို့) စဉ်းထားတဲ့ အမဲသားနဲ့ စီမံပေးဖို့
ကြိုက်သလို မှာစား လို့ရသလို ပဲမျိုးစုံကိုလည်း ကိုယ့်အကြိုက် ရွေးချယ်လို့ရပါတယ်။
ကြက်သွန်ကြော်၊ ငရုတ်ကောင်းနဲ့ ဆော့စ်ကို တွဲဖက်စား စရာအဖြစ်ချပေးပြီး ချိစ်နဲ့ အချဉ်ကို
တော့ အပိုကြေးပေးပြီး မှာရပါတယ်။

ဆိုင်လေးဟာ တိတ်ဆိတ်ငြိမ်သက်လှ ပြီး တစ်ခါတလေမှသာ မက်ဆီကန် သီချင်း သံကို
ကြားရပါတယ်။ ကျွန်တော်ကတော့ ဆိုင်မှာထိုင်စားတာထက် အိမ်ကိုပါဆယ် ယူသွားပြီး
စားရတာ ပိုနှစ်သက်ပါတယ်။ မှာထားတဲ့ စားစရာရဖို့ သိပ်အကြာကြီး မစောင့်ရဘဲ အပူထိန်း
စက္ကူနဲ့ ထုပ်ပိုး ပေးလိုက်တဲ့အတွက် အိမ်ရောက်ရင် ခပ်နွေးနွေးလေး ဖြစ်နေပြီး စားလို့ကောင်း
ပါတယ်။ ဒီဆိုင်က အစားအစာတွေ အပေါ် ခြုံပြီးမှတ်ချက်ပေးရမယ် ဆိုရင် တော့ စားလို့
အရသာရှိလှပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။