အလွဲကြီးလွဲပုံများ ...

ဆစ်ဒ်နီတိရစ္ဆာန်ရုံက သားပိုက်ကောင်တစ်ကောင်ဟာ သူနေရတဲ့ ခြံဝင်းထဲကနေ ညတိုင်းလိုလို
အပြင်ထွက်ထွက်နေပါတယ်။

အရွယ်ရောက်တဲ့ သားပိုက် ကောင်တွေဟာ ခပ်မြင့်မြင့်ကို ခုန်ထွက်နိုင်တာမို့ တိရစ္ဆာန်ရုံက
ဝန်ထမ်းတွေဟာ ရှစ်ပေအမြင့် ကာထားတဲ့ ခြံစည်းရိုးကို ၁၀ ပေ ပြောင်းပြီး ကာလိုက်ပါတယ်။

နောက်တစ်နေ့မနက်မှာတော့ သားပိုက်ကောင်ဟာ ခြံဝင်းအပြင်မှာ ရောက်နေပြီး တိရစ္ဆာန်ရုံထဲမှာ
လှည့်သွားနေပြန်ပါတယ်။

ဒီတော့ ၀န်ထမ်းတွေဟာ ၁၀ ပေမြင့်တဲ့ ခြံစည်းရိုးကို ဖျက်ချပြီး ၁၅ ပေအမြင့် ကာလိုက်ပါတယ်။

နောက်တစ်နေ့မှာ သားပိုက်ကောင်ဟာ အပြင်ရောက်နေပြန်ပါတယ်။

ဒီတော့ ခြံစည်းရိုးဟာလည်း ၁၅ ပေကနေ ပေ ၂၀ အထိ မြင့်သွားပါတော့တယ်။

ဒါပေမဲ့လည်း သားပိုက်ကောင်ဟာ ထပ်ထွက်ပြန်ပါတယ်။

ခြံစည်းရိုးကို ပေ ၄၀ အမြင့်ထိ ကာလိုက်တာမို့ ခြံချင်းကပ်မှာနေရတဲ့ ကုလားအုတ်က
သားပိုက်ကောင်ကို "သူတို့တွေ ဘယ်လောက်အမြင့်လောက်အထိ ခြံစည်းရိုးကို လုပ်ကြလိမ့်မယ်လို့
ခင်ဗျားထင်သလဲဗျ" လို့ မေးလိုက်ပါတယ်။

သားပိုက်ကောင် ပြန်ဖြေလိုက်တာက "ပေ ၁,၀၀၀ လောက်အထိ လုပ်ကြမလားပဲ။ ဒါကလည်း
ခြံဝင်းဂိတ်ကို သော့ခတ်ဖို့ လိုအပ်တယ်လို့ ဘယ်သူမှ မတွေးမိကြဘူးဆိုရင်ပေါ့ဗျာ"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။