ဗေဒါရီရဲ့ ဟင်းလျာ (ပြောင်းဖူးမရိုးနိစ်ကြက်ဥကြော်)

ဒီတစ်ပတ်တော့ ဗေဒါရီက ရိုးရှင်းတဲ့ ဟင်းအမယ်တစ်မျိုးဖြစ်တဲ့ ပြောင်းဖူးကြော်ဟင်းလျာကို
ချက်ပြထားပါတယ်။

ရိုးရှင်းတယ်ဆိုပေမဲ့ အများချက်သလို ကြက်သွန်ဖြူတွေသုံးပြီး ချက်တာမျိုးမဟုတ်ဘဲ
အရသာစိမ့်စိမ့်လေးဖြစ်နေအောင် ထောပတ်၊ မရိုးနိစ်တို့ကိုသုံးပြီး ကြော်ထားတဲ့ ဟင်းတစ်ခွက်ပဲ
ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူး ၂ ဖူး
  • ကြက်ဥ ၂ လုံး
  • မရိုးနိစ် ထမင်းစားဇွန်း ၃ ဇွန်း
  • ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း
  • ဆီ အနည်းငယ်
  • ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်

ပြင်ဆင်ပုံ

ပြောင်းဖူးကို ရေဆေးပြီး ဓားနဲ့ပါးပါးလေး လှီးယူပါ။

ခြစ်နဲ့ ခြစ်ယူရင်လည်း ရပါတယ်။

ပြီးပြီဆိုရင် ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပွက်ပြီဆိုရင် ထောပတ်ထည့်မွှေပါ။

ပြောင်းဖူးထည့်၊ ဆားအနည်းငယ် ထည့်ပြီး ရောမွှေပါ။

ရေအနည်းငယ်ထည့်ပြီး ငါးမိနစ်လောက် တည်ထားလိုက်ပါ။

ပြီးတဲ့အခါ မရိုးနိစ် ထည့်မွှေပါ။

ခဏနေတဲ့အခါ ခေါက်ထားတဲ့ ကြက်ဥထည့်၊ ငရုတ်ကောင်းမှုန့်ဖြူးပြီး မွှေပေးပါ။

ဒီလိုဆိုရင် ရနံ့လေးမွှေးပြီး စိမ့်စိမ့်လေးနဲ့ စားကောင်းလှတဲ့ ပြောင်းဖူးကြော် ဟင်းတစ်ခွက်ရပါပြီ။

အချိုလေးတာ ကြိုက်တယ်ဆိုရင်တော့ သကြားအနည်းငယ် ထည့်ပါ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။