ကျွန်တော့်အဖေ မဟုတ်ဘူး ...

အမျိုးသားတစ်ဦးဟာ ကလေးငယ်တစ်ဦးနဲ့အတူ ဆံပင်ညှပ်ဆိုင်ကို ရောက်လာပါတယ်။

မုတ်ဆိတ်အရိတ်ခံ၊ ခေါင်းလျှော်ခံ၊ လက်သည်း ညှပ်ခံ၊ ဆံပင်အညှပ်ခံ စတာတွေလုပ်ပြီးတဲ့နောက်
ဘေးမှာထိုင်စောင့်နေတဲ့ ကလေးငယ်ကို ဆံပင်ညှပ်ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်ပါတယ်။

ပြီးတဲ့အခါ "လှည့်လည်ပွဲအတွက် အစိမ်းရောင်နက်ကတိုင် သွားဝယ်လိုက်ဦးမယ်။ ခဏနေရင်
ပြန်လာခဲ့မယ်"လို့ဆိုပြီး ဆိုင်ပြင်ထွက်သွားပါတော့တယ်။

ကလေးငယ် ဆံပင်ညှပ်ပြီးတဲ့အထိ အမျိုးသား ပြန်ရောက်မလာတဲ့အခါ "ကြည့်ရတာ မင်းအဖေက
မင်းကိုပြန်လာခေါ်ဖို့ မေ့သွားပြီထင်တယ်"လို့ ဆံပင်ညှပ်ဆရာက ပြောလိုက်ပါတယ်။

"သူက ကျွန်တော့်အဖေ မဟုတ်ပါဘူး။ ကျွန်တော် ပန်းခြံထဲမှာ ထိုင်နေတုန်း
ဆံပင်အလကားညှပ်ချင်ရင် လိုက်ခဲ့ဆိုပြီးခေါ်လို့ လိုက်လာတာ"လို့ ကလေးငယ်က
ပြန်ပြောလိုက်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။