Monday, April 24, 2017

စိတ်ကူးကောင်းသူ ...

ပြင်သစ်လူမျိုး အဘွားကြီးတစ်ဦးဟာ သူနေထိုင်တဲ့ ရွာမှာ ကုန်စုံဆိုင်လေး ဖွင့်ထားပါတယ်။

ဒီလိုနဲ့ သူ့ဆိုင်လေးရဲ့ မျက်နှာချင်း ဆိုင်နေရာတည့်တည့်မှာ နာမည်ကြီးစူပါမားကက်ကြီးတစ်ခု
လာဖွင့်ပါတော့တယ်။

ဆိုင်ရှေ့မှာလည်း ရောင်းချတဲ့အမယ် (မည်)တွေရဲ့ ဈေးနှုန်းတွေကို ကြော်ငြာဆိုင်းဘုတ်နဲ့
ထောင်ထားလေရဲ့။

အဲဒီထဲက တစ်မျိုးကတော့ 'ထောပတ်-၁၀ ဖရန့်စ်'တဲ့။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ အဘွားကြီးက သူ့ဆိုင်ပြတင်းမှာ 'ထောပတ်-၉ ဖရန့်စ်' လို့ ရေးထားတဲ့စာ
ကပ်လိုက်ပါတယ်။

နောက်တစ်နေ့မှာတော့ စူပါမားကက်ကြီးက 'ထောပတ်-၈ ဖရန့်စ်' လို့ ပြန်ရေးလိုက်ပြန်ပါတယ်။

ဒီတော့ အဘွားကြီးက သူ့ကြော်ငြာစာရွက်မှာ 'ထောပတ်-၇ ဖရန့်စ်' လို့ ပြင်လိုက်ပြန်ပါတယ်။

ဒီလိုတွေ အပြန်အလှန်ရေးကြရင်းက တစ်နေ့မှာတော့ အဘွားကြီးရဲ့ ဈေးဝယ်ဖောက်သည်
အမျိုးသမီးတစ်ဦးဟာ ဆိုင်ရှေ့က ထောပတ်ကြော်ငြာစာရွက်ကို ကြည့်ပြီး "ရှင့်ဆိုင်သေးသေးလေးက
အချိန်အကြာကြီး ဘယ်လိုလုပ် ဈေးလျှော့ ရောင်းနိုင်မှာလဲ။ ကုမ္ပဏီကြီးတွေက အချိတ်အဆက်တွေ
ရှိတော့ ပစ္စည်းတွေကို ဈေးချိုချိုနဲ့ ပိုရောင်းနိုင်တယ်။ ဒါကို ရှင်ဘယ်လို လိုက်ပြိုင်နိုင်မှာလဲ"လို့
ပြောလိုက်ပါတယ်။

အဲဒီတော့ အဘွားကြီးက သူ့ကိုယ်ကို ကိုင်းပြီး ခပ်တိုးတိုး ပြန်ပြောလိုက်တာက
"ရှင်သိဖို့ပဲ ပြောတာပေါ့။ ကျွန်မဆိုင်မှာ ထောပတ် ရောင်းကို မရောင်းတာ"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။