မီးပုံးပျံခရီးစဉ်ကို ဆွစ်ဇာလန်က ဦးဆောင် ပျံသန်းမည်

(၁၁)ကြိမ်မြောက် မီးပုံးပျံခရီးစဉ်ကို ၂၀၀၉ခုနှစ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နှစ်သစ်ကူး မနောပွဲတော်တွင် ပျံသန်းနေစဉ်။ ဓာတ်ပုံ- Golden Express(၁၁)ကြိမ်မြောက် မီးပုံးပျံခရီးစဉ်ကို ၂၀၀၉ခုနှစ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နှစ်သစ်ကူး မနောပွဲတော်တွင် ပျံသန်းနေစဉ်။ ဓာတ်ပုံ- Golden Express

ဆွစ်ဇာလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ဦးဆောင်၍ မြန်မာနိုင်ငံတွင်းရှိ ခရီးသွားဒေသများတွင်
ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက်နေ့အထိ မီးပုံးပျံခရီးစဉ် လာရောက်ပျံသန်းမည်
ဖြစ်သည်။

မီးပုံးပျံခရီးစဉ်မှာ ၁၅ ကြိမ်မြောက်ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင် မီးပုံးပျံခုနစ်လုံးဖြင့်
အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးသို့ သွားရောက်ပျံသန်းမည်ဖြစ်သည်ဟု
အဆိုပါခရီးစဉ်ကို တာဝန်ယူဆောင်ရွက်ပေးသောGolden  Express ခရီးသွားလုပ်ငန်းမှ
မန်နေဂျင်းဒါရိုက်တာဦးတင့်နောင်က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

အဖွဲ့တွင် ဆွစ်ဇာလန်မှ ၂၅ ဦး၊ ယူကေမှ တစ်ဦး၊ ဩစတြေးလျမှ တစ်ဦး နှင့် ဂျာမနီမှ နှစ်ဦး
စုစုပေါင်း ၂၉ ဦး လိုက်ပါစီးနင်းသွားမည် ဖြစ်သည်။

"စတင်ပျံသန်းတာက ၁၉၉၉ ခုနှစ်မှာပါ။ အဲဒီနှစ်ကနေစပြီး နှစ်စဉ်နှစ်တိုင်း တစ်ကြိမ်စီ ပျံသန်း
ခဲ့တယ်။ အဓိကက မီးပုံးပျံပေါ်ကနေ မြန်မာနိုင်ငံရဲ့ ရှုခင်းတွေ ကှိုငါ့အျနနငညါ လိုက်ကြည့်
ကြတာ ပါ" ဟု ဦးတင့်နောင်က ပြောသည်။

ပျံသန်းမည့် မီးပုံးပျံများမှာ ဒီဇင်ဘာ လ ၂၀ ရက်မတိုင်ခင် ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အစ
အဆုံး ၀န်ဆောင်မှုကိုGolden  Express ခရီးသွားလုပ်ငန်းကတာဝန်ယူဆောင်ရွက်သွားမည်
ဖြစ်သည်။

"ဒီမီးပုံးပျံခရီးစဉ်က တာဝန်အရမ်း ကြီးတယ်။ လူအင်အားတွေ အများကြီး သုံးရတယ်။ မီးပုံးပျံ
သွားတဲ့ လမ်းတစ်လျောက်ကို အောက်ကနေ ကားတွေနဲ့လိုက်ပြီး ပြန်ကျမယ့်နေရာမှာ
စောင့်နေရပါတယ်။ လေကြောင်းအခြေအနေအရ ဘယ်နေရာမှာ မီးပုံးပျံပြန်ဆင်းနိုင်မယ်
ဆိုတာကို အတိအကျမပြောနိုင်ဘူး" ဟု ဦးတင့်နောင်က ပြောသည်။

အဆိုပါ မီးပုံးပျံပထမခရီးစဉ်ကို ၁၉၉၉ ခုနှစ်တွင် ၎င်းခရီးသွားလုပ်ငန်းနှင့် ဆွစ်ဇာလန်နိုင်ငံ
စီးပွားရေးလုပ်ငန်းရှင် Peter Blaser က ရန်ကုန်မြို့လှိုင်သာယာ ဘောလုံးကွင်းမှ စတင်
ပျံသန်းခဲ့သည်။

"သုံးကြိမ်လောက် ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်ပါ ပျံဖူးတယ်။ ပျံသန်း လေ့ရှိတဲ့
ခရီးစဉ်တွေက ပုဂံ၊ မန္တလေး၊ အင်းလေးကတော့ ပါတယ်။ တစ်ကြိမ် ပျံသန်းရင် ၂၅ ယောက်
နဲ့ အယောက် ၃၀ ကြား ပါတယ်" ဟု ဦးတင့်နောင်က ပြော ကြားသည်။

မီးပုံးပျံများ အပျော်တမ်းပျံသန်း စီးနင်းခြင်းများကို လေကြောင်းအခြေ အနေအရ နှစ်တစ်နှစ်
၏ ဒီဇင်ဘာလမှ ဇန်န၀ါရီလအတွင်းသာ ပျံသန်းလေ့ရှိသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။