သတိပြန်လည်လာနည်း ...

အမျိုးသမီးတစ်ဦးဟာ အသည်းအသန် နေမကောင်းဖြစ်နေပြီး အရေးပေါ်အခန်းထဲ ရောက်နေတာမို့
သူ့ရဲ့ခင်ပွန်းဖြစ်သူဟာ မျက်ရည်မဆည်နိုင်အောင် ၀မ်းနည်းနေပါတယ်။

ဆရာဝန် - "ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘာမှတော့ အာမခံချက်
မပေးနိုင်သေးဘူး။ ခင်ဗျားဇနီးရဲ့ခန္ဓာကိုယ်က ဘာမှတုံ့ပြန်မှု မပေးဘူးဖြစ်နေတယ်။ သူ့ကိုကြည့်ရတာ
'ကိုမာ' ရနေသလိုပဲ"

ခင်ပွန်း - "ဆရာရယ်.. ကျေးဇူးပြုပြီး ကျွန်တော့်မိန်းမကို ကယ်ပေးပါ။ သူ့ခမျာ ခုမှ အသက် ၃၀ ပဲ
ရှိသေးတာ။ ကျွန်တော်တို့ မိသားစုအကုန်လုံးက သူ့ကို လိုအပ်တယ်"

အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို မယုံကြည်နိုင်စရာတစ်ခု ဖြစ်သွားပါတော့တယ်။ အဲဒါကတော့
အီးစီဂျီစက်ဟာ အသံကျယ်ကျယ် ထမြည်လာတာပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ
လူနာအမျိုးသမီးရဲ့လက်တစ်ဖက် လှုပ်ရှားလာပြီး နှုတ်ခမ်းကလည်း ပွင့်ဟလာကာ တစ်စုံတစ်ခုကို
ဗလုံးဗထွေးနဲ့ ပြောပါတော့တယ်။

အမျိုးသမီး ပြောလိုက်တာကတော့ - "ယောက်ျားရေ.. ကျွန်မအသက်က ၂၉ နှစ်လေ။
၃၀ မဟုတ်ဘူး"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။