Monday, April 24, 2017

BreadTalk ၏ ပထမဆုံးဆိုင်ခွဲ ရန်ကုန်တွင် စတင်ဖွင့်လှစ်

အာရှတွင် ထိပ်တန်းမုန့်ဖုတ်လုပ်ငန်းတစ်ခုဖြစ်သည့် BreadTalk ၏ မြန်မာနိုင်ငံအတွက်ပထမဆုံး
ဆိုင်ခွဲကို ရန်ကုန်မြို့  Junciton City ရှော့ပင်းစင်တာ ပထမထပ်တွင် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

အရသာကောင်းမွန်ပြီး လတ်ဆတ်သော ပေါင်မုန့်၊ ကိတ်မုန့်အမျိုးပေါင်း ၁ဝဝ ကျော်ကို ရွေးချယ်
စားသုံးနိုင်မည်ဖြစ်ပြီး ဈေးနှုန်းမှာ ကျပ် ၈ဝဝ ခန့်မှစတင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ BreadTalk ဆိုင်ခွဲကို ရွှေတောင်အုပ်စု၏ အဖွဲ့ဝင်ဖြစ်သည့် Myanmar Baker
ကုမ္ပဏီမှ တာဝန်ယူဖွင့်လှစ်ခြင်းဖြစ်ပြီး ပေါင်မုန့်ထုတ်လုပ်ပုံအဆင့်ဆင့်ကို မည်သူမဆိုကြည့်ရှု
နိုင်သည့် open kitchen လည်း ပါဝင်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။