ဗေဒါရီရဲ့ ဟင်းလျာ (ကြက်ခြေထောက်သုပ်)

ဗေဒါရီက ဒီတစ်ပတ်အတွက်တော့ ကြက်ခြေထောက်သုပ်လေးကို ရွေးချယ်ထားပါတယ်။

အရန်ဟင်းအနေနဲ့ အရသာရှိရှိလေး ချက်စားကြရအောင်နော်။

ပါဝင်ပစ္စည်းများ

  • ကြက်ခြေထောက် ၁၅ ချောင်း
  • ကြက်ဖဆော့ ၂ ဇွန်း
  • သံပရာသီး ၁ လုံး
  • ငရုတ်သီးစိမ်း ၇ တောင့်
  • ငါးပိ အနည်းငယ်
  • ငါးငံပြာရည် ၂ ဇွန်း
  • နံနံပင် အနည်းငယ်

ပြင်ဆင်ပုံ

ကြက်ခြေထောက်များကို သန့်စင်၊ အလယ်ကနေ နှစ်ပိုင်းပိုင်းပြီး ဆားဖြင့်နယ်ကာ ပြုတ်ထားပါ။

ငရုတ်သီးစိမ်းကို ရေခန်းသည်အထိ ပြုတ်ပါ၊

ရေခန်းလျှင် ငါးပိနှင့် ရောထောင်းပါ။

ကြက်ခြေထောက် နူးလျှင် ငရုတ်သီးငါးပိထောင်း၊ ကြက်ဖဆော့၊ ငါးငံပြာရည်၊ သံပရာရည်တို့ကို
ထည့်ပီး ရောနယ်ပါ (ဟင်းခတ်မှုန့်ကြိုက်လျှင် ထည့်ပါ)။

အပေါ့အငန် မြည်းကြည့်ကာ လိုသလို ပြင်ဆင်ပြီး နံနံပင်ထည့်ကာ သုံးဆောင်နိုင်ပါပြီရှင်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။