ဗေဒါရီရဲ့ ဟင်းလျာ (စွယ်တော်ရွက်နုဟင်းချို)

ပါဝင်ပစ္စည်းများ

  • စွယ်တော်ရွက်နု ၁၀ သား
  • ကြက်သွန်ဖြူ  ၃ မြွှာ
  • ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်
  • ငရုတ်ကောင်း အနည်းငယ်

ပြင်ဆင်ပုံ

စွယ်တော်ရွက်နုများကို အရိုးများဖယ်၍ ရေဆေးသန့်စင်ပါ။

ကြက်သွန်ဖြူ သုံးမြွှာကို ဓားပြားရိုက်ထားပါ။

ရေနွေးပွက်ပွက်ဆူအောင် တည်ပြီးလျှင် ဆား၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး
ခဏတည်ပါ။

အရသာမြည်းကြည့်လို့ အနေတော်လျှင် စွယ်တော်ရွက်များ ထည့်ပါ။

ငရုတ်ကောင်းမှုန့် ခပ်ပါ။

အချိန်ပေးရ သက်သာပြီး အရသာရှိတဲ့ ရာသီစာ စွယ်တော်ရွက်နု ဟင်းချိုတစ်ခွက်ရပါပြီရှင်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။