ထူးခြားစွဲမက်စရာ အရသာနဲ့ ဗီယက်နမ် ဝက်စတိတ်

အရသာထူးခြားတဲ့ ဗီယက်နမ်ဝက်စတိတ်၊ ဘဲပေါင်းသီးစုံနဲ့ ပုစွန်ကြာဆံခဲပတ်အကင်။ စည်သူလွင် / မြန်မာတိုင်း(မ်)အရသာထူးခြားတဲ့ ဗီယက်နမ်ဝက်စတိတ်၊ ဘဲပေါင်းသီးစုံနဲ့ ပုစွန်ကြာဆံခဲပတ်အကင်။ စည်သူလွင် / မြန်မာတိုင်း(မ်)

နိုင်ငံရပ်ခြား အရသာလေးတွေကိုမှ စားသောက်ချင်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ပတ်
ဖော်ပြပေးမှာကတော့ မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ ဘိုဘို BBQ & Restaurant 
စားသောက်ဆိုင်က စာဖိုမှူးရဲ့ 'ဗီယက်နမ်ဝက်စတိတ်' လေးရဲ့အရသာကို မြည်းစမ်း
ကြည့်ဖို့ပါပဲ။

'ဘိုဘို' စားသောက်ဆိုင်ရဲ့ အပြင်အဆင်က အခြားစားသောက်ဆိုင်တွေနဲ့ ကွဲပြားမှုမရှိပေမဲ့
ရရှိတဲ့ ဟင်းပွဲတွေရဲ့ အမျိုးအမည်နဲ့အရသာကတော့ တခြားစားသောက်ဆိုင်တွေထက်
ထူးခြားနေတာကိုတော့ သတိပြုမိနေတာ ကြာပါပြီ။

စာရေးသူ မြည်းစမ်းကြည့်ခဲ့တဲ့ 'ဗီယက်နမ်ဝက်စတိတ်' က ဝက်သားကို တမ်ပူရာ
မုန့်အနှစ်၊ ပေါင်မုန့်ခြောက်အမှုန့်တွေနဲ့ ကပ်လို့ဆီပူပူမှာ နီညိုရောင်သန်းတဲ့အထိ
ကြော်ထားပြီး ကြက်သွန်ဖြူအဆီ၊ Sweet Chili Sauce နဲ့ တစ်ဆင့်ထပ်ပေါင်းပြီး ဆီပူပူမှာ
နှစ်ခါပြန်ကြော်ထားတာကိုမှ နှမ်းနဲ့ ကြက်သွန်မြိတ်ပါးပါးလေးဖြူးထားတော့ မစားခင်မှာကို
သူ့ရဲ့ မွှေးပျံ့နေတဲ့အနံ့နဲ့ ကနဦးဆွဲဆောင်လိုက်ပါပြီ။

ဟင်းပွဲရဲ့ အရသာက ဝက်သားမွမွအိအိလေးဖြစ်လို့ အချိုအဆိမ့်ကြိုက်သူတွေအတွက်
အထူးသင့်တော်သလို ဝိုင်၊ ဘီယာကြိုက်သူတွေ အတွက်လည်း တွဲဖက်မြည်းဖို့
လိုက်ဖက်နိုင်ပါတယ်။ ထမင်းဖြူဖြူ ပူပူလေးနဲ့ တွဲဖက်ပြီး စားသောက်မယ်ဆိုရင်လည်း
ထမင်းမြိန်စေမှာ အမှန်ပါပဲ။

စာရေးသူကတော့ ဗီယက်နမ်ဝက်စတိတ်အပြင် မန္တလေးမြို့မှာရနိုင်ခဲတဲ့ ဟင်းပွဲတစ်မျိုးဖြစ်တဲ့
ချိုဆိမ့်အရသာရှိတဲ့ ဘဲပေါင်းသီးစုံလေးကို မြည်းစမ်းလိုက်တယ်။ ပြီးတော့ခံတွင်းပျက်ပြီး
ထမင်းမစားချင်တဲ့သူတွေအတွက် ခံတွင်းရှင်းသွားစေနိုင်တဲ့ ပုစွန်ကြာဆံ ခဲပတ်အကင်ကို
မြည်းစမ်းရင်း လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ သင်္ဘောသီးဖျော်ရည်လေးကိုသောက်ပြီး
အချိုတည်းအဆုံးသတ်လိုက်ပါတယ်။

ဘိုဘို BBQ & Restaurant က မန္တလေး မြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၁ လမ်းနဲ့လမ်း
၎ဝ ထောင့်မှာရှိပြီး အော်ဒါမှာယူ စားသောက်ချင်သူတွေအတွက် ဝ၉ ၄၄၄ ၆ဝ ၄၄၄ဝ ကို
ဆက်သွယ်နိုင်တယ်ဆိုတဲ့အကြောင်း သတင်းစကားပါးလိုက်တယ်နော်။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။