ဉာဏ်ကောင်းသူ အဘိုး ...

ရဲကားတစ်စီးဟာ အဘွားဘတ်စီရဲ့အိမ်ရှေ့မှာ လာရပ်ပြီး ကားထဲကနေ အဘိုးမောရစ်
ထွက်လာပါတယ်။

အဘိုးဟာ ပန်းခြံထဲမှာ လမ်းပျောက်နေပြီး အိမ်အပြန်လမ်းကို မရှာတော့ဘူးပြောလို့ လိုက်ပို့တာပါလို့
ယဉ်ကျေးဖော်ရွေတဲ့ ရဲဝန်ထမ်းက အဘွားကို ရှင်းပြပါတယ်။

အဘွား - "အိုး.. မောရစ်၊ ရှင်.. အဲဒီပန်းခြံကို နေ့တိုင်းသွားတာ နှစ်ပေါင်း ၃၀ တောင် ကျော်လာပြီ။
ဘယ်လိုများ လမ်းပျောက်ပါလိမ့်တော်"

အဘိုး (ရဲဝန်ထမ်းမကြားအောင် အဘွားနားကပ်ပြီးလေသံဖြင့်) - "ငါ.. လမ်းမပျောက်ပါဘူးကွာ။
အိမ်ကို လမ်းလျှောက်ပြီးပြန်လာဖို့ အရမ်းပင်ပန်းနေလို့ကွ။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။