ခံတွင်းတွေ့မယ့် ကျိုင်းတုံမြီးရှေ

ပူပူနွေးနွေး ပြင်ဆင်ထားသည့် ကျိုင်းတုံမြီးရှေ။ လှိုင်ကျော်စိုး / မြန်မာတိုင်း(မ်)ပူပူနွေးနွေး ပြင်ဆင်ထားသည့် ကျိုင်းတုံမြီးရှေ။ လှိုင်ကျော်စိုး / မြန်မာတိုင်း(မ်)

သူငယ်ချင်း၊ မိတ်ဆွေတွေကို ဆိုင်တစ်ဆိုင်မှာဧည့်ခံကျွေးမွေးဖို့ ရွေးရခက်နေမယ်ဆိုရင်
တော့ ဈေးနှုန်းသင့်တင့်တဲ့အပြင် အစားအသောက်ကောင်းမွန်တဲ့ ၃၅ လမ်း၊ ၅၉ လမ်း
ထောင့်ပေါ်မှာရှိတဲ့ 123  Food Centre မှာ ကျွေးမွေးဧည့်ခံစေချင်ပါတယ်။

123  Food Centre ဟာ ကျယ်ဝန်းပြီးတော့ ထိုင်ရတာလည်း အဆင်ပြေတဲ့အပြင်
အစားအသောက်လည်း စုံလင်ပါတယ်။ ဒီဆိုင်မှာရနိုင်တဲ့ အစားအသောက်တွေထဲမှာ
ကျိုင်းတုံမြီးရှေကတော့ တစ်ခါစားမိရင် နောက်တစ်ခေါက် ထပ်စားချင်စိတ် ဖြစ်စေပါတယ်။
ဈေးနှုန်းကလည်း ကျိုင်းတုံမြီးရှေတစ်ပွဲကို ကျပ် ၁,၅ဝဝ ပဲ ကျသင့်ပါတယ်။

ပူပူနွေးနွေးလေးနဲ့ စားရတာကောင်းမွန်တဲ့ ကျိုင်းတုံမြီးရှေကို ကျွန်တော်ကတော့
အဖတ်ထက် အရည်သောက်ရတာ ပိုပြီးခံတွင်းလိုက်ပါတယ်။ ဒါပေမဲ့ 123  Food Centre 
က ကျိုင်းတုံမြီးရှေကတော့ မုန့်ဖတ်တွေအရမ်းများလို့ မုန့်ဖတ်တွေလျှော့ခိုင်းရင်စားရတာ
ပိုပြီးအဆင်ပြေမယ်လို့ စဉ်းစားမိပါတယ်။

ကျိုင်းတုံမြီးရှေတစ်ပွဲမှာတော့ မုန့်တီဖတ်ရယ်၊ ခံတွင်းလိုက်မယ့်အရည်ရယ်၊ ကြက်သွန်
မြိတ်များများရယ်၊ အသားတွေကိုရောမွှေပြီး စားလိုက်ရင် လျှာရင်းဆိမ့်သွားစေမယ့်
အရသာကို ခံစားရမှာပါ။ နည်းနည်းလေး အီလည်လည်ဖြစ်သွားရင်တော့ အအေးတစ်ခွက်
လောက်သောက်လိုက်ရင် ပိုပြီး ပြည့်စုံကောင်းမွန်သွားပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။