ဉာဏ်ကြီးရှင်များ ...

နစ်ခ်ဟာ အလုပ်ကနေ ခွင့်ရက်အနည်းငယ် လိုချင်နေပေမဲ့ သူ့အထက်အရာရှိက ခွင့်မပေးမှာကိုလည်း
ကြိုသိနေပါတယ်။

ဒါပေမဲ့ သူသာ ရူးကြောင်ကြောင် အမူအရာမျိုးတွေ ပြုမူတယ်ဆိုရင် ခွင့်ပေးနိုင်လောက်တယ်လို့လည်း
တွေးဆမိပါတယ်။

ဒီလိုနဲ့ မျက်နှာကြက်တန်းပေါ်ကနေ ခန္ဓာကိုယ်ကို တွဲလောင်းချနေပြီး အသံမျိုးစုံလည်း
လုပ်နေပါတော့တယ်။

ဒါကိုမြင်တဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အီလီက နစ်ခ်ကို ဘာတွေလုပ်နေတာလဲလို့ မေးလိုက်တဲ့အခါ
"ငါလား .. မီးလုံးအဖြစ် ဟန်ဆောင်နေတာလေ။ တို့ဆရာမြင်ရင် ငါ့ကို ကြောင်နေတယ်လို့ထင်ပြီး
အနားယူဖို့ ခွင့်ရက်အနည်းငယ် ပေးလိမ့်မယ်"လို့ နစ်ခ် က သူ့စိတ်ကူးကို ပြောပြလိုက်ပါတယ်။

ခဏကြာတဲ့အခါ သူတို့အထက်အရာရှိ အခန်းထဲဝင်လာပြီး နစ်ခ်ကို တွေ့တဲ့အခါ အကြောင်းရင်း
မေးပါတော့တယ်။

နစ်ခ်က သူ့ကိုယ်သူ မီးလုံး ဖြစ်တယ်လို့ ပြောလိုက်တဲ့အခါ "အင်း .. မင်းတော့ အလုပ်မှာ
စိတ်ဖိစီးမှုတွေ တော်တော် များနေတာ သေချာတယ်။ ကဲ .. အိပ်ပြန်ကွာ။ နှစ်ရက်လောက်
အလုပ်မလာဘဲ နားနေလိုက် .. ဟုတ်ပြီလား"လို့ ပြောလိုက်ပါတယ်။

နစ်ခ်လည်း မျက်နှာကြက်တန်းပေါ်ကနေ ဆင်းလာပြီး ရုံးခန်းထဲကနေ ထွက်သွားတဲ့အခါ
အီလီတစ်ယောက်လည်း သူ့အိတ်ဆွဲပြီး နောက်ကနေ လိုက်ထွက်ပါတော့တယ်။

ဒါကိုမြင်တဲ့ သူ့အရာရှိ က ဘာလုပ်တာလဲလို့မေးတဲ့အခါ အီလီ ပြန်ပြောလိုက်တာက
"ကျွန်တော်လည်း အိမ်ပြန်မလို့လေ။ မီးမရှိဘဲ အမှောင်ထဲမှာမှ အလုပ်လုပ်လို့ မရတာ"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။