အကြောက်ကြီးပုံ ...

မစ္စတာဂျိုးစ်ဟာ သူတို့ရဲ့ကုမ္ပဏီနှစ်ပတ်လည်ပါတီမှာ သောက်တာများ သွားပြီး အမူးလွန်နေတဲ့
အတွင်းရေးမှူးမလေးကို အိမ်ပြန်လိုက်ပို့ပေးပါတယ်။

အိမ်ပြန်ခရီးမှာ သူတို့နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့ပေမဲ့ မစ္စတာဂျိုးစ် ဟာ ဒီကိစ္စကို
ဇနီးသည်ဖြစ်သူကို မပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အကြောင်းကတော့ သူ့မိန်းမဟာ ခင်ပွန်းသည်ဖြစ်သူနဲ့ ပတ်သက်ပြီး အလွန်အမင်း
သ၀န်တိုတတ်သလို သံသယလည်း အမြဲဖြစ်တတ်သူမို့လို့ပါပဲ။

နောက်တစ်ညမှာတော့ မစ္စတာဂျိုးစ်နဲ့ ဇနီးသည်ဟာ အပြင်ထွက်ဖို့ ကားထဲကို ၀င်လိုက်ကြပါတယ်။

ကားမထွက်ခင်လေးမှာပဲ ယာဉ်မောင်း သူဘေးက ထိုင်ခုံအောက်မှာ ဒေါက်မြင့်ဖိနပ်တစ်ဖက်ကို
တွေ့လိုက်ရတာမို့ မစ္စတာဂျိုးစ်ဟာ လန့်ဖျပ်သွားပြီး မိန်းမမျက်နှာတစ်ဖက်ကို လှည့်နေစဉ်လေးမှာပဲ
ဖိနပ်ကိုကောက်ယူပြီး ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်ပါတယ်။

ခဏနေလို့ သွားမယ့်နေရာကိုရောက်တဲ့အခါ သူ့မိန်းမထံကနေ အသံ ထွက်လာပါတယ်။

"ယောက်ျားရေ .. ကျွန်မရဲ့ဖိနပ်တစ်ဖက်ကို တွေ့မိသေးသလား"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။