မန္တလေးရဲ့ အပေါ်စီးရှုခင်းတွေကို ခံစားရင်း အရသာရှိတဲ့ ထမင်းဝိုင်း စားရအောင်

 ခံတွင်းမြိန်စေမယ့် ကြက်ခြောက်စပ်နဲ့ တုံယမ်းဟင်းရည်။ လှိုင်ကျော်စိုး/ မြန်မာတိုင်း(မ်)ခံတွင်းမြိန်စေမယ့် ကြက်ခြောက်စပ်နဲ့ တုံယမ်းဟင်းရည်။ လှိုင်ကျော်စိုး/ မြန်မာတိုင်း(မ်)

မန္တလေးရဲ့ အပေါ်စီး ရှုခင်းတွေကို ခံစားရင်း အရသာရှိတဲ့ ထမင်းဝိုင်းကို စားချင်ရင်တော့ ၇၂ လမ်း၊
၂၉ လမ်းနဲ့ လမ်း ၃ဝ ကြားမှာ ရှိတဲ့မြတ်နန်းယုံဟိုတယ်ရဲ့ နံနက် ၁ဝ နာရီကနေ ည၁ဝ နာရီအထိ
စားသောက်နိုင်တဲ့ ထမင်းဝိုင်းကို သွားရောက်ပြီး စားသုံးစေချင်ပါတယ်ဗျာ။

မြတ်နန်းယုံဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာတည်ခင်းရောင်းချတဲ့အတွက် မန္တလေးမြို့ရဲ့အလှအပတွေကို
အပေါ်စီးကနေ မြင်နိုင်သလို အရသာကောင်းတဲ့ ဟင်းလျာတွေကို မှာယူ စားသုံးလိုက်တော့
ပြီးပြည့်စုံတဲ့ ထမင်းဝိုင်းလေး ဖြစ်သွားပြီပေါ့။

ဟိုတယ်မှာ တည်ခင်းရောင်းချတဲ့အတွက် ဈေးကြီးမှာလည်း စိုးရိမ်စရာ မရှိပါဘူး။ ထမင်းဖြူတစ်ပွဲကို
ကျပ် ၅ဝဝ နဲ့ ဟင်းတစ်ပွဲကို အနည်းဆုံး ကျပ် ၃,၅ဝဝ ကနေ ဟင်းအမျိုးအစားပေါ် မူတည်ပြီးတော့
ဈေးနှုန်းတွေကတော့ ကွာခြားသွားမှာပါ။

ဟင်းတစ်ပွဲကလည်း အနည်းဆုံး သုံးယောက်လောက် စားနိုင်ပါတယ်။ အပေါင်းအသင်းတွေနဲ့
သွားစားရင်တော့ အကောင်းဆုံးပေါ့။ သုံးယောက်သွားစားရင် အနည်းဆုံး ကျပ် ၁၅,ဝဝဝ လောက်
ကုန်ကျမှာပါ။

ကျွန်တော်တို့ အုပ်စုကတော့ ပူပူစပ်စပ်လေးနဲ့ ခံတွင်းလိုက်ပြီး သောက်လို့ကောင်းတဲ့ တုံယမ်း
ဟင်းရည်ရယ်၊ ပွပွလေးကြော်ထားတဲ့ ကြက်ခြောက်စပ်ကြော်ရယ်နဲ့ အရမ်းခံတွင်းတွေ့ခဲ့ပါတယ်။

ကြက်သားကို ကော်မှုန့်နဲ့ ကြက်ဥရောပြီးကြော်ထားတာဖြစ်တဲ့အပြင် ကြက်သွန်မြိတ်၊ ကြက်သွန်၊
ငရုတ်ကောင်းတွေရောထည့်ပြီး ကြော်ထားတဲ့အတွက် စားရတာအရသာတစ်မျိုးလေးနဲ့
စားကောင်းလွန်းလှပါတယ်။ တွဲဖက်မှာထားတဲ့ တုံယမ်းဟင်းရည်နဲ့ စားသုံးလိုက်တော့
ခေါင်းမဖော်နိုင်အောင် ဖြစ်သွားပြီပေါ့။

ဟင်းနှစ်ပွဲနဲ့ သုံးယောက် သွားရောက်စားသုံးတော့ ဈေးနှုန်းသက်သာတဲ့အပြင် သုံးယောက်
စလုံးလည်း ဝဝလင်လင် စားနိုင်ပါတယ်။ ကြက်ခြောက်စပ်ကြော်ကတော့ တစ်ပွဲကို
ကျပ် ၆,ဝဝဝ ဖြစ်ပြီးတော့ တုံယမ်းဟင်းရည်ကတော့ တစ်ပွဲကို ကျပ် ၄,ဝဝဝ ဖြစ်ပါတယ်။
ထမင်းဖြူတစ်ပွဲ ကျပ် ၅ဝဝ ဖြစ်ပါတယ်။

မြတ်နန်းယုံဟိုတယ်မှာတော့ ပုံမှန်အားဖြင့် တစ်နေ့ကို ဟင်း ၁၂ မျိုးလောက် ရနိုင်ပြီးကြက်၊
ဝက်နဲ့ ပင်လယ်စာတွေကို အဓိကရောင်းချပေးပါတယ်။ လူ ၃ဝ လောက်အတွက် ဧည့်ခံပွဲတွေ
ကိုလည်း ပြုလုပ်နိုင်အောင် စီစဉ်ထားပါတယ်တဲ့။ 

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။