အိန္ဒိယအစားအစာကြိုက်နှစ်သက်သူတွေအတွက် စကိုင်းလက် ချစ်တီးထမင်းဆိုင်

အိန္ဒိယရိုးရာအစားအစာ အရသာကို ခံစားမြည်းစမ်းနိုင်မယ့်ချစ်တီးထမင်းပွဲ။ သန်းနိုင်စိုး/ မြန်မာတိုင်း(မ်)အိန္ဒိယရိုးရာအစားအစာ အရသာကို ခံစားမြည်းစမ်းနိုင်မယ့်ချစ်တီးထမင်းပွဲ။ သန်းနိုင်စိုး/ မြန်မာတိုင်း(မ်)

လူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ မန္တလေးမြို့ကြီးမှာ စားသောက်စရာ အစားအစာတွေက အများသား။
မြန်မာအစားအစာ၊ တိုင်းရင်းသားအစားအစာ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဥရောပအစားအစာ
စသဖြင့် ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။

ဒီဆိုင်တွေထဲက မြန်မာတိုင်း(မ်) စာဖတ်ပရိသတ်ကြီးအတွက် အိန္ဒိယအစားအစာဆိုင်တစ်ဆိုင်ကို
ညွှန်းချင်ပါတယ်။ အဲဒါကတော့ ချမ်းအေးသာစံမြို့နယ၊် ၂၈ လမ်း၊ ၇၁ လမ်းနဲ့ ၇၂ လမ်းကြားမှာရှိတဲ့
စကိုင်းလက် ချစ်တီးထမင်းဆိုင်ပါပဲ။ ဆိုင်ရဲ့ပြင်ဆင်ထားပုံကလည်း ရိုးရိုးရှင်းရှင်းနဲ့မို့ အိန္ဒိယဆိုင်
ရောက်သွားတယ်လို့ မခံစားရဘဲ ကိုယ့်အိမ်ကိုယ့်ရာမှာပဲစားနေတယ်လို့ ခံစားရစေပါတယ်။

ဆိုင်က မကျဉ်းမကျယ် အနေအထားရှိပြီး စားပွဲဝိုင်း ဆယ်ဝိုင်းစာရှိတဲ့အတွက် မိသားစုလိုက်သွား
စားရင်လည်း အဆင်ပြေတဲ့နေရာမျိုးပါ။ ဆိုင်ရဲ့ ဘေးနံရံပတ်ပတ်လည်မှာတော့ မာသာထရီဇာ၊
မဟတ္တမဂန္ဒီ၊ နယ်ဆင်မင်ဒဲလား စတဲ့ မေတ္တာတရားကြီးမားသူတွေရဲ့ ပုံတွေ၊ အိုင်စတိုင်း၊
ဘီလ်ဂိတ်စတဲ့ ကမ္ဘာ့ဥာဏ်ကြီးရှင်တွေရဲ့ ပုံတွေချိတ်ဆွဲထားသလို စုတ်ပြတ်နုံချာနေတဲ့
တဲပုံလေးပေါ်မှာလို့ ရေးထားတဲ့ ပုံကိုလည်း ချိတ်ဆွဲထားပါတယ်။ မှန်လုံခန်းမဟုတ်တဲ့အတွက်
မိတ်ဆွေဟာ ပူတတ်တဲ့သူဆိုရင် ပန်ကာလေနဲ့ပဲ ကျေနပ်ရမှာပါ။

စကိုင်းလက် ချစ်တီးထမင်းဆိုင်မှာ ဟင်းရွေးချယ်စရာတွေအများကြီးလည်း ရှိပါတယ်။ ကြက်သားနှပ်၊
ကြက်သားကြော်၊ ကြက်မြစ်ကြက်သဲ၊ ကြက်အာလူး၊ ဆိတ်သားနှပ်၊ ဆိတ်အာလူး၊ ဆိတ်ကလီစာ၊
ဆိတ်သားလုံး၊ ဆိတ်ဦးနှောက်၊ ဆိတ်ဖိုက်တင်၊ ဆိတ်သားကျော်၊ ငါးမြင်းဆီပြန်၊ ငါးခေါင်းဟင်း၊
ငါးကြင်းကြော်ချက်၊ ငါးကြော်၊ ငါးသလောက်ပေါင်း၊ ဘဲဥငါးခြောက်ဟင်း၊ ဘဲသားဟင်းတွေရနိုင်
ပါတယ်။ သားငါးဟင်းမစားသူတွေအတွက် သက်သတ်လွတ်ဟင်းတွေလည်း ရနိုင်ပါတယ်။
စားအုန်းဆီ၊ဟင်းချိုမှုန့် မသုံးတဲ့အတွက် ကျန်းမာရေးလိုက်စားသူတွေ သဘောကျနိုင်တဲ့
ဆိုင်လေးပါ။

မိမိနှစ်သက်ရာ ဟင်းတစ်ခွက်သာ မှာဖို့ပဲ လိုအပ်တာပါ။ ကျန်တဲ့ ပဲကုလားဟင်း၊ ပါပလာကျော်၊
သရက်သီးဆီစိမ်၊ ပဲသီးအသားတုကြော်၊ ပုစွန်ခြောက်ငရုတ်သီးကြော်၊ ဂေါ်ဖီထုပ်ချဉ်၊ဘာဂျီချက်၊
အတို့အမြှုတ်တွေကို အရန်ဟင်းအနေနဲ့ ချပေးပါတယ်။ ချစ်တီးထမင်းရဲ့အသက်ဖြစ်တဲ့ ပဲကုလား
ဟင်းကို တောင်းသလောက် ထပ်ထည့်ပေးပါတယ်။

စကိုင်းလက်ချစ်တီးထမင်းဆိုင်ရဲ့ ထမင်း၊ ဟင်းတွေဟာ စားသောက်ပြီးတာနဲ့ အီလည်လည်ဖြစ်နေ
တာမျိုးမရှိဘဲ မိတ်ဆွေအနေနဲ့ ချစ်တီးထမင်းစားနေကြ မဟုတ်လို့ အနည်းငယ် အီလည်လည်ဖြစ်နေ
မယ်ဆိုရင် ထမင်းစားပြီး သောက်ဖို့ ချထားပေးတဲ့ မနုသနီချဉ်ရည်လေး ဒါမှမဟုတ် ချင်းလက်ဖက်
ရည်လေး သောက်လိုက်ရင် အီလည်တာတွေ ပြေပျောက်သွားပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။