ရာကီတိုရီ ကြက်သားနှင့် ဂျပန်စတိုင် coleslaw salad

ဒီတစ်ပတ်မှာတော့ ဂျပန်စတိုင် အကင်ဖြစ်တဲ့ ရာကီတိုရီ sauce လုပ်နည်းလေးကို BBQ
ပွဲလေးတွေမှာ လုပ်စားဖို့ မျှဝေလိုက်ပါတယ်။

ရာကီတိုရီ ကြက်သားကင်ဟာ ဂျပန်ပြည်က နာမည်ကျော်ကြက်သား ကင်ဖြစ်ပြီး ထမင်း၊
ဒါမှမဟုတ် အသီး အရွက်စုံကင်/ကြော်နဲ့ တွဲစားလို့ကောင်း ပါတယ်။ ဖြိုးကတော့ ရာကီတိုရီ
sauce ကို တစ်ခါလုပ်ထားပြီးရင် အသား၊ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာအစုံတို့ ကိုsauce
ဆမ်းပြီး ကင်စားလေ့ရှိ ပါတယ်။

ရာကီတိုရီကြက်သားနှင့် တွဲစားဖို့ သမားရိုးကျ coleslaw နဲ့မတူဘဲ ဂျပန်စတိုင် coleslaw
ကို စီစဉ်ထားပါတယ်။ လတ်လတ်ဆတ်ဆတ် အသီးအရွက် များကို အေးအေးလေးစားသုံး
ရမယ့် coleslaw ဟာ ရာကီတိုရီလို ပူနွေးနွေးအကင်၊ သို့မဟုတ်  တန်ပူရာလို အကြော်မျိုး
နင့် လိုက်ဖက်လှပါတယ်။

နှစ်သစ်ကူးကာလညတွေမှာ BBQ လုပ်စားလိုသူ များအတွက် ရာကီတိုရီကြက်သားနှင့်
ဂျပန်စတိုင် slaw salad ဟာ စမ်းချက်လို့ကောင်းမယ့် ဟင်းချက်နည်းလေးဖြစ်မှာပါ။

ရာကီတိုရီ ကြက်သားကင် (၈ ယောက်စာ) ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံ (အရေခွံမပါ) ၄ ခု
ကညွတ်တစ်စည်း
ရာကီတိုရီ sause
ကြက်တောင်ပံ ၅၀၀ ဂရမ်
Kikomon ပဲငံပြာရည် ၁ ခွက်ခွဲ
မိရင် (mirin) ၁ ခွက်ခွဲ
ဂျပန်ဆန်အရက် (sake or rice wine) ၁ ခွက်
caster သကြား ၁/၄ ခွက်
ပြောင်းဖူးကော်မှုန့် စားပွဲဇွန်း ၂ ဇွန်း

ပြင်ဆင်ပုံ
Sauce အတွက် ကြက်တောင်ပံများကို အဆစ်များမှ တစ်ဆင့် ဆွဲဆန့်ပြီး အရောင်များ
ရဲလာသည်အထိ မီးကင်ပါ။ ဒါပေမယ့် မကျွမ်းပါစေနှင့်။

အိုးတစ်လုံးထဲသို့ မိရင်၊ ဂျပန်ဆန်အရက်နှင့် ကြက်တောင်ပံကင်များကို ထည့်ကာပြုတ်ပါ။
ပြီးလျှင် ပန်းကန်ပြားအသေးထဲသို့ ပဲငံပြာရည် အနည်းငယ်ကို လောင်းထည့်ကာ ပြောင်းဖူး
ကော်မှုန့်များကို ဖြည်းဖြည်းချင်းထည့်ပြီး မွှေပေးကာ အားလုံးပျော်သွားအောင် ဖျော်ပေးပါ။

ထို့နောက် ပြောင်းဖူးဖျော်ရည်နှင့် လက်ကျန်ပဲငံပြာရည်များကို အိုးထဲသို့ထည့်ကာ ဆက်ပြီး
တည်ပါ။ အရည်များ စတင်ဆူလာလျှင် မီးကိုလျှော့ကာ မီးအေးအေးနှင့် မိနစ် ၃၀ မျှတည်ပါ။
ပြီးလျှင် ကြက်တောင်ပံများကိုဆယ်ကာ မိနစ် ၃၀ ခန့် အအေးခံပါ။ (ကြက်တောင်ပံများကို၊
အစာပြေစားသုံးနိုင်ပါသည်။)

ကြက်ရင်ပုံများကို အမျှောင်းလိုက် ဖြတ်ကာ ၀ါးတုတ်ချောင်းများဖြင့် သီပါ။ (တုတ်ချောင်းများ
ကို ရေတွင် ၁၅ မိနစ်ခန့်မျှ အရင်စိမ်ထားပေးပါ) ကညွတ်ကို ရေဆေးပြီးလျှင် ရေစင်အောင်
စစ်ထားပါ။

ပြီးလျှင် ရာကီတိုရီ sauce ကို ပန်းကန်ပြား အသေးထဲသို့လိုသလောက်ခွဲထည့်ကာ
ကြက်သားချောင်းများ ပေါ်သို့ ဘရပ်ရှ်ဖြင့် သုတ်ပေးပါ။ နောက် ကြက်သားချောင်းများကို
မီးပူပူဖြင့် ကင်ပါ။ ကင်နေစဉ်အတွင်း မကြာခဏ တုတ်ချောင်းများကို လှည့်ပေးပါ။

နောက်ပြီး ကြက်သားများ မခြောက်သွားအောင်လည်း ရာကီတိုရီ sauce  ကို ခဏခဏ
သုတ်ပေးပါ။ ကြက်သားများကျက်လျှင် စားသုံးနိုင်ပါသည်။  ကညွတ်များကိုလည်း ရာကီတိုရီ
sauce သုတ်၍ ကင်ပါ။

ရာကီတိုရီ sauce ကို ရေခဲသေတ္တာထဲတွင် ထည့်ကာ ၃-၄ ရက် သိမ်းထားနိုင်ပါသည်။
ကြိုက်နှစ်သက်သည့် အသား၊ အသီးအနှံ၊ ပင်လယ်စာများပေါ်သို့လည်း သုတ်၍ မီးကင်
စားနိုင်ပါသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။