Saturday, 23 August 2014

ဘာလို့မဖမ်းတာလဲ ...

ဂျွန်နီလေးတို့ မူကြိုကျောင်းဟာ တစ်နေ့မှာ လေ့လာရေးခရီးစဉ်အဖြစ်မြို့နယ်တစ်ခုက ရဲစခန်း
ဆီ သွားရောက်ကြပါတယ်။  

ကလေးတွေဟာ ကြော်ငြာသင်ပုန်းပေါ်မှာ အစီအရီကပ်ထားတဲ့ ထိပ်တန်းအလိုအရှိဆုံး
ရာဇ၀တ်သမား ၁၀ ဦးရဲ့ ဓာတ်ပုံတွေကို မြင်တဲ့အခါ စိတ်ဝင်တစားနဲ့ ကြည့်ရှုကြပြီး အုပ်စုထဲက
အငယ်ဆုံးကလေးငယ်တစ်ယောက်က ရုတ်တရက် ဓာတ်ပုံတွေကို လက်ညှိုးထိုးပြီး "ဓာတ်ပုံ
တွေထဲကလူတွေဟာတကယ်ပဲ ရဲတွေ ဖမ်းနေချင်တဲ့လူတွေလားဟင်"လို့ အနားမှာရှိတဲ့
ရဲသားတစ်ဦးကို မေးခွန်းထုတ်လိုက်ပါတယ်။

ရဲသားက ကလေးငယ်ရဲ့အမေးကို "ဟုတ်တာပေါ့ကွ။ သူတို့က လူဆိုးတွေလေ"လို့ ပြန်ဖြေ
လိုက်ပါတယ်။

အဲဒါကို အနားကနေ နားထောင်နေတဲ့ ဂျွန်နီလေးက စိတ်ကူးတစ်ခုရသွားသလို မျက်နှာ
ဝင်းလက်သွားပြီး မေးခွန်းထပ်ထုတ်လိုက်တာက "ဒါဆို .. အဲဒီလူဆိုးတွေကို ဓာတ်ပုံရိုက်
တုန်းက ဦးဦးရဲကြီးတို့ ဘာဖြစ်လို့  မဖမ်းထားလိုက်တာလဲ"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။