အမေရဲ့ ဖြေရှင်းနည်း ...

ဈေးဝယ်သူတစ်ဦးဟာ ဟယ်ရီရဲ့စတိုးဆိုင်မှာ ဖုန်းမေ့ကျန်ခဲ့ပါတယ်။ ဟယ်ရီဟာ ဖုန်းထဲမှာ
သိမ်းထားတဲ့ အမည်စာရင်းတွေကို စစ်ကြည့်လိုက်တဲ့အခါ 'အမေ' လို့ မှတ်ထားတဲ့ ဖုန်းနံပါတ်ကို
တွေ့တာမို့ ဖုန်းဆက်လိုက်ပါတယ်။

အမျိုးသမီးကြီးတစ်ဦး ဖုန်းကိုင်တာမို့ ဖြစ်ပျက်ပုံကို ပြောပြလိုက်ပြီးလိုက်တဲ့အခါ "စိတ်မပူနဲ့။ ဒီကိစ္စကို
အန်တီ ဖြေရှင်းပေးမယ်"လို့ သူက ဟယ်ရီကို ပြောလိုက်ပါတယ်။

ဖုန်းပြောပြီး မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် ကျန်ခဲ့တဲ့ ဖုန်းကို ခေါ်သံဝင်လာပါတော့တယ်။
ခေါ်သူက 'အမေ' ဖြစ်နေပြီး ဖုန်းနားထောင်တဲ့အခါ ဟယ်ရီကြားလိုက်ရတာက
"မာတင် .. မင်းဖုန်းပျောက်နေတယ် မဟုတ်လား။ အဲဒါ စတိုးဆိုင်မှာ မင်းမေ့ကျန်နေခဲ့တာ။
ပြန်သွားယူလိုက်"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။