စားရတာတန်တဲ့ အချစ်ရွာက 'ပဲပေါင်း'

 

အချစ်ရွာ 'ပဲပေါင်း'ကို တည်ခင်းထားသည်ကို တွေ့ရစဉ်။ ဖြိုးဝေကျော်/ မြန်မာတိုင်း(မ်)အချစ်ရွာ 'ပဲပေါင်း'ကို တည်ခင်းထားသည်ကို တွေ့ရစဉ်။ ဖြိုးဝေကျော်/ မြန်မာတိုင်း(မ်)

အစားအသောက်ကောင်းလို့ ဆိုရာမှာ အရသာကောင်းမွန်ပြည့်စုံတာအပြင်သန့်ရှင်းမှုနဲ့ ဈေးနှုန်းအရပါ
အားသာချက်တွေကို ထည့်တွက်နိုင်ရင် အဓိပ္ပာယ်ပိုပြည့်ဝသွားမှာပါ။ ဒီတစ်ပတ်မှာတော့ ဒီအချက်လေး
တွေ အတော်များများနဲ့ကိုက်ညီတယ်လို့ဆိုနိုင်မယ့် အချစ်ရွာလက်ဖက်ရည်ဆိုင်က ပဲပေါင်းကိုညွှန်းပေး
ချင်ပါတယ်။

၃၃ လမ်း၊ ၇၃ လမ်းနဲ့ ၇၄ လမ်းကြားမှာရှိတဲ့ အချစ်ရွာလက်ဖက်ရည်ဆိုင်က ပဲပေါင်းဟာ လက်ဖက်ရည်၊
ကော်ဖီနဲ့ တွဲဖက်သုံးဆောင်ဖို့ လိုက်ဖက်တဲ့အပြင်စားရတာတန်တယ်ဆိုတဲ့ ခံစားချက်ကိုပါ ပေးပါ
လိမ့်မယ်။ တစ်နေ့တာကိုအားအင်အပြည့်နဲ့ ဖြတ်သန်းလှုပ်ရှားနိုင်ဖို့အတွက် မနက်စာကို ပြည့်ပြည့်ဝဝ
စားသုံးထားဖို့ အရေးကြီးတယ်ဆိုရင် ဒီပဲပေါင်းဟာ တစ်ခုဆို ဆိုသလောက် ဗိုက်ပြည့်စေတဲ့
အားသာချက်လည်း ရှိနေပါတယ်။

ပဲပေါင်းမှာ ပဲအဖြစ် စားတော်ပဲကို သုံးထားပါတယ်။ ကြက်ဥနဲ့ ရောမွှေထားတဲ့ မုန့်အနှစ်မှာ ပဲ၊
ကြက်သွန်နီ၊ ပူဒီနာတို့နဲ့ ရောသမထားတဲ့ အဆာကို သွတ်ထားပြီး ခပ်ကြွပ်ကြွပ်ကလေးဖြစ်အောင်
ကြော်ပေးထားပါတယ်။ ပြီးတဲ့အခါခက်ရင်းနဲ့ ထိုးယူလို့ရတဲ့ အလောတော်အရွယ်အစားဖြစ်အောင်
ဓားနဲ့ ပုံစံမပျက်ခုတ်ပေးထားရာမှာ အရွယ်က ပန်းကန်တစ်ချပ်စာ အပြည့်ပါပဲ။ မုန့်အနှစ်ဟာ
အစပ်အဟပ်ကောင်းတာအပြင် အဆာပလာရဲ့ အရသာက ပံ့ပိုးမှုကောင်းတာကြောင့်
နှစ်သက်စရာပါ။

မုန့်ပွဲပေါ်မှာ ခရမ်းချဉ်သီးကွင်း၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီကွင်းတွေနဲ့ပူဒီနာရွက်တို့ကို
မုန့်တစ်ပွဲစာ သီးသန့် ထပ်ထည့်ပေးထားပါတယ်။ သံပရာလေးညှစ်ပြီး မုန့်တစ်ကိုက် စားလိုက်၊
ငရုတ်သီး ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကိုကိုက်လိုက်နဲ့ စားရတာ ခံတွင်းလိုက်ပါတယ်။ ဒီကြားထဲမှာ
ကိုယ့်အကြိုက်အလိုက် လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီလေးနဲ့ ကြားညှပ်တွဲဖက်လိုက်ရင်
ပိုပြည့်စုံသွားမှာပါ။ မုန့်တစ်ပွဲကို ကျပ် ၁,ဝဝဝ သာကျသင့်တဲ့ 'ပဲပေါင်း' ဟာတော်ရုံ
အစားအသောက်ကြီးတယ်ဆိုသူတောင် တစ်ခုဆို ဗိုက်အတော်ပြည့်သွားမှာကြောင့်
တစ်ပွဲကို နှစ်ယောက်လောက် မျှစားနိုင်တယ်လို့တောင် အကြံပေးချင်ပါတယ်။

မန္တလေးမှာ မနက်ခင်းစာအဖြစ် အများဆုံး ရွေးချယ် စားသောက်ဖြစ်ကြလေ့ရှိတဲ့ မုန့်တီ၊
ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး စတဲ့ အစားအစာတွေချည်း တစ်နေ့နဲ့တစ်နေ့ထပ်နေလို့
အပြောင်းအလဲအဖြစ် ခံတွင်းတွေ့မှာကို စားချင်တယ်ဆိုရင် 'ပဲပေါင်း'ကို မြည်းစမ်းကြည့်တာ
မမှားနိုင်ဘူးလို့ ပြောပါရစေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။