ဂိုးဒီးစ်ရဲ့ အကြံကောင်း ...

ဂိုးဒီးစ်တစ်ယောက် အိပ်ရာဝင်ပြီး တစ်ရေးနိုးလာတဲ့အခါ မနက် ၃ နာရီထိုးနေပြီဖြစ်ပေမဲ့
ခင်ပွန်းသည်ဖြစ်သူဟာ အိပ်မပျော်နိုင်သေးဘဲ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို
တွေ့လိုက်ရပါတယ်။

"ဟောတော် .. မော့ရစ် .. ခုချိန်ထိမအိပ်သေးဘဲ ရှင်ဘာလုပ်နေတာတုံး"လို့ ယောက်ျားဖြစ်သူကို
လှမ်းမေးလိုက်ပါတယ်။

"ကြွေးပူမိနေလို့ပါကွာ။ ငါလေ .. ဘေးခန်းက ဆမ်ဆီကနေ ဒေါ်လာ ၁,၀၀၀ ချေးထားပြီး
မနက်ဖြန်ပြန်ပေးမယ်လို့ ကတိပေးထားတာကွ။ ဒါပေမဲ့ သူ့ကိုပြန်ပေးဖို့ပိုက်ဆံက ဘယ်လိုမှ မလည်ဘူး
ဖြစ်နေတယ်။ ငါ့နှယ် .. ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ပါဘူးကွာ"လို့ မော့ရစ်က
စိတ်ပျက်လက်ပျက်နဲ့ မိန်းမဖြစ်သူကို ရှင်းပြလိုက်ပါတယ်။

ဇာတ်လမ်းကိုသိလိုက်တာနဲ့တစ်ပြိုင်နက် ဂိုးဒီးစ်ဟာ အိပ်ရာထဲကနေထွက်ပြီး သူ့အိမ်ပြတင်းပေါက်ကို
ဖွင့်လိုက်ပါတယ်။

ပြီးတဲ့အခါ ခေါင်းထုတ်ပြီး အိမ်နီးချင်းဖြစ်သူ ဆမ်ရဲ့အမည်ကို အကြိမ်ပေါင်းများစွာ
အော်ခေါ်နေပါတော့တယ်။

နောက်ဆုံးမှာတော့ ဆမ်ဟာ သူ့အိမ်ပြတင်းပေါက်ကနေ အိပ်ချင်မူးတူးပုံစံနဲ့ပေါ်လာပြီး
"ဟ .. ဘာဖြစ်နေတာလဲ။ အခုက မနက် ၃ နာရီနော်။ ဘာလိုချင်လို့လဲ"လို့ ခပ်ဆတ်ဆတ်
လှမ်းမေးလိုက်ပါတယ်။

အဲဒီအခါက ဂိုးဒီးစ်က "ဆမ်ရေ .. ရှင့်ဆီကနေ ကျွန်မယောက်ျား ပိုက်ဆံချေးထားတယ်ဆို။
ဟုတ်လား ..။ အဲဒါ .. သူ့မှာ ရှင့်ကို ပြန်ဆပ်စရာမရှိသေးဘူးတဲ့"လို့ ပြန်အော်ပြောလိုက်ပြီး
သူ့အိမ်ပြတင်းပေါက်ကို ဆွဲပိတ်လိုက်ပါတော့တယ်။

ပြီးတဲ့အခါ ယောက်ျားဖြစ်သူကိုပါ တစ်ဆက်တည်း လှမ်းပြောလိုက်တာက "ကဲ .. ကိုရွှေမော့ရစ်ရေ ..
အခု ရှင်အိပ်ပါတော့။ ဆမ်က ရှင့်အစား သူ့အခန်းထဲမှာ လမ်းလျှောက်နေလိမ့်မယ် .. ဟုတ်ပြီလား"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။