ဘက်ထရီအသစ် လဲဖို့လိုတဲ့ ဘွားဘွား

သက်ကြီးစုံတွဲဖြစ်တဲ့ ဘွားဘွား ပေါ်လင်းနဲ့ ဘိုးဘိုး ဖရန့်ခ်တို့ဟာ သူတို့ရဲ့ နှစ်(၅၀)မြောက်
မင်္ဂလာနှစ်ပတ်လည်ကို ဆင်နွှဲပြီးတာ သိပ်မကြာသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ သူတို့အခြေချနေထိုင်တဲ့ မြို့ကလေးမှာရှိတဲ့ ဘုရားကျောင်းက
ဝတ်ပြုဆုတောင်းပွဲကို နှစ်ယောက်သား သွားရောက်ခဲ့ကြပါတယ်။

ဝတ်ပြုချိန်တစ်ဝက်လောက်မှာပဲ အဘွား ပေါ်လင်းဟာ သူ့ပိုက်ဆံအိတ်ထဲက စာရွက်နဲ့ ဘောပင်ကို
ထုတ်လိုက်ကာ စာနှစ်ကြောင်းလောက် ရေးလိုက်ပြီး အဘိုး ဖရန့်ခ်ကို ပေးလိုက်ပါတယ်။

ရေးတဲ့စာကတော့ "ဖရန့်ခ် ရေ ... ကျွန်မ ခုလေးတင် လေလည်မိလိုက်တယ်ရှင်။ အဲဒါ ကျွန်မ
ဘာလုပ်သင့်တယ်လို့ ရှင်ထင်သလဲ .. ဟင်"

အဘိုး ဖရန့်ခ် ခပ်သော့သော့ ပြန်ရေးပေးလိုက်တာကတော့ "အမယ်ကြီးရေ .. လုပ်သင့်တာကတော့
ခင်ဗျားရဲ့ နားကြားစက်ထဲက ဘက်ထရီကို အသစ်လဲထည့်သင့်တာဗျာ"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။