အားသာချက်နဲ့ အားနည်းချက် ...

အလုပ်ရှာနေသူ အမျိုးသားတစ်ဦးဟာ အလုပ်အတွက် အင်တာဗျူးခံနေပါတယ်။

အင်တာဗျူးသူ - "မင်းရဲ့အကောင်းဆုံးအားသာချက်က ဘာလဲဆိုတာ ပြောပြပါလား"

အလုပ်လျှောက်ထားသူ - "ဟုတ်ကဲ့ .. ဆရာ .. ကျွန်တော့်မှာ ရှက်တတ်တဲ့ အကျင့်တော့
နည်းနည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီကနေ အမှန်အတိုင်းဖြေတဲ့ အဖြေကို
ဆရာလိုချင်ပါသလားခင်ဗျာ"

အင်တာဗျူးသူ - "လိုချင်တာပေါ့ ..။ ငါ့ရဲ့ဝန်ထမ်းဆီကနေ ရိုးသားမှုကလွဲပြီး တခြားဘာမှ
မမျှော်လင့်ဘူး"

အလုပ်လျှောက်ထားသူ - "ဟုတ်ကဲ့ .. ကျွန်တော့်ရဲ့အကောင်းဆုံး အားသာချက်က ကျွန်တော့်ရဲ့
ဇနီးပါ ဆရာ"

အလုပ်လျှောက်ထားသူရဲ့ ဇနီးသည်အပေါ်ထားတဲ့ စိတ်ထားကြောင့် အင်တာဗျူးမေးသူဟာ
အထင်ကြီးသွားပြီး သူ့အဖွဲ့အတွက် ၀န်ထမ်းကောင်း တစ်ဦးဖြစ်နိုင်ခြေရှိသူလို့လည်း
တွေးလိုက်မိပါတယ်။

ဒါကြောင့်မို့ အင်တာဗျူး အဆုံးသတ်အနေနဲ့ နောက်ဆုံးမေးခွန်းတစ်ခုကို ထပ်မေးလိုက်ပါတယ်။

အင်တာဗျူးသူ - "ဒါဆို မင်းရဲ့ အကောင်းဆုံးအားနည်းချက်က ဘာဖြစ်မလဲ .. ပြောပြပါဦး"

အလုပ်လျှောက်ထားသူ - "ဟုတ်ကဲ့ဆရာ .. ကျွန်တော့်ရဲ့အကောင်းဆုံး အားနည်းချက်ကတော့
တခြားသူတွေရဲ့ မိန်းမတွေပါပဲ"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။