Saturday, 25 October 2014

LE Nacha စားသောက်ဆိုင်

သစ်ပင်တွေမှာ  မီးထွန်းအလှဆင်လေ့ ရှိတဲ့ ရန်ကုန်က စားသောက်ဆိုင်တွေမှာ LE Nacha
စားသောက်ဆိုင်လည်း ပါဝင်ပါတယ်။ ဆိုင်အတွင်းပိုင်းမှာလည်း  နှစ်လိုဖွယ်ကောင်းတဲ့
အရောင်တွေ သုံးထားသလို ပန်းချီပြခန်းတွေမှာလိုပဲ မျက်နှာကြက်မှာ မီးတွေနဲ့ အလှဆင်
ထားပါတယ်။

ထိုင်းနဲ့ ဥရောပအစားအစာတွေရနိုင် ပေမယ့်  ကျွန်တော်တို့ကတော့ ထိုင်းစာကိုပဲ စားကြမယ်
လို့ ဆုံးဖြတ်ထားပါ တယ်။  ဥရောပအစားအစာဆိုပေမယ့် salad မျိုးစုံ၊ fondue၊ foiegras၊
raclette၊ ချိစ်၊ ပင်လယ်စာနဲ့ အသားဟင်းတွေအပြင် အချိုပွဲမျိုးစုံမှာလည်း အများစုက
ပြင်သစ်စာတွေပဲ ဖြစ်ပါတယ်။  

ကျွန်တော်တို့ကတော့ စားပွဲထိုးတွေ ညွှန်းတဲ့ ချင်းမိုင်ကြက်အူချောင်းကင် (ကျပ် ၄,၉၀၀) နဲ့
အနှစ်များတဲ့ အစိမ်းရောင်ကြက်သားဟင်း (ကျပ်၎,၉၀၀)တို့ကို မြည်းစမ်းခဲ့ကြပါတယ်။
အကောင်းဆုံးကတော့ ပုစွန်တုံယန်းဟင်း (ကျပ် ၇,၀၀၀)ပါ။ အသီးအရွက်တွေက လတ်ဆတ်
ပြီး ပုစွန်တွေကလည်း အကောင်ကြီးပါတယ်။

ဟင်းအစပ်မျိုးတွေဆိုရင် မြန်မာ ဘီယာ (တစ်ပုလင်း ကျပ် ၃,၀၀၀)နဲ့ တွဲဖက် သောက်သုံးသင့်
ပါတယ်။ ကျွန်တော်တို့ကတော့  အသင့်အတင့် ကောင်းမွန်တဲ့ ၀ိုင်နီ(ကျပ် ၆,၀၀၀)တစ်ခွက်နဲ့
ကော့တေးအုပ်စုတွေထဲက ခသျာသစသူငအညေ (ကျပ် ၅,၀၀၀)တစ်ခွက် စီသောက်ခဲ့ကြပါတယ်။

ဆိုင်ရဲ့ဝန်ဆောင်မှုကတော့ အပြစ် ဆိုစရာမရှိပါဘူး။ ဒီဆိုင်ကိုပထမအကြိမ် ကျွန်တော်သွားတုန်း
က အစားအသောက် စာရင်းကိုကြည့်ရုံပဲ ကြည့်ချင်တာပါလို့ တောင်းဆိုလိုက်တဲ့အခါ ဧည့်ကြို
ဝန်ထမ်းမလေးက ဆိုင်မှာရနိုင်တဲ့ အစားအစာတွေကို ပျော်ရွှင်စွာနဲ့ပြပေး ပါတယ်။

နောက်တစ်ခါ  ကျွန်တော်သွားစား ဖြစ်တဲ့အခါမှာလည်း ဒီဆိုင်က စားပွဲထိုး ၀န်ထမ်းတွေဟာ
ဧည့်သည်အနားမှာ တရစ်ဝဲ၀ဲလုပ်မနေပဲ ဂရုတစိုက်ရှိတယ် ဆိုတာကို တွေ့ရပါတယ်။ တစ်ချိန်
မှာ ကျွန်တော့ရဲ့ စွပ်ပြုတ်ဇွန်း လွတ်ကျသွား တဲ့အခါ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ဇွန်းအသစ်
တစ်ချောင်း ယူလာပေးပါတယ်။

ဒါကိုကြည့်ရင် ဒီဆိုင်ရဲ့ ၀န်ဆောင်မှု အရမ်းကောင်းတာကို တွေ့ရမှာပါ။ ဈေးနှုန်းကတော့ မချို
ပေမယ့် စားရတာ တန်ပါတယ်။ ဒါပေမယ့် ကျသင့်ငွေရှင်းတဲ့အခါ ပြေစာမှာ ၀န်ဆောင်ခ ၁၀
ရာခိုင်နှုန်းနဲ့ အခွန် ၅ ရာခိုင်နှုန်း ပေါင်းထားတာ တွေ့ရပါတယ်။

ဆိုင်တည်နေရာ - ရှင်စောပုလမ်း၊ စမ်းချောင်းမြို့နယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။