Friday, 19 September 2014

ဝက်နံရိုးကြော်နဲ့ ဆန်ခေါက်ဆွဲသုပ်

ဝက်နံရိုးကြော်
နှစ်သစ်ကူးကိုစောင့်ရင်း New Year Eve ပါတီကို ဆင်နွှဲကြမယ့်သူများအတွက် နောက်ထပ်
ရွေးချယ်စရာ ဟင်းချက်နည်းတစ်မျိုးကို ထပ်ပြီးဝေမျှလိုက်ပါတယ်။ ဂျပန်ဟင်းချက်တဲ့ ပဲ
ငံပြာရည်၊ မိရင်တို့ကို သုံးထားပေမယ့် ချက်ရတာ အင်မတန်ကို လွယ်ပါတယ်။

ဝက်နံရိုးများကို ဆော့စ်ဖြင့်နှပ်ပြီး ရေနည်းနည်းနဲ့ အသားများနူးအောင်ပြုတ်ကာ ဆီနည်းနည်းနဲ့
ပြန်ကြော်ထားပါတယ်။ ပဲငံပြာရည်ရဲ့ ငန်ဆိမ့်ဆိမ့်အရသာနဲ့ မိရင်ရဲ့ ချိုချဉ် အရသာတို့ဟာ
ဝက်သားရဲ့ အရသာကို ပိုမိုထူးကဲစေပါတယ်။

ဝက်နံရိုးပြုတ်ရည်ကို အသုပ်လုပ်ရာမှာdressing အဖြစ် သုံးလို့ရသလိုအကြော်အလှော်များ
ကြော်ချက်ရာမှာလည်း အရသာကဲအောင် ထည့်သုံးလို့ရပါတယ်။  ဒါမှမဟုတ် ဟင်းချိုရည်
ချက်ရာမှာလည်း ထည့်ချက်လို့ရပါတယ်။ ဒီဝက်နံရိုးပြုတ်ရည်ဟာ ဆန်ခေါက်ဆွဲ (သို့) ထမင်း
တို့နဲ့ လိုက်ဖက်လှပါတယ်။ ဒီတစ်ပတ်မှာတော့ ဆန်ခေါက်ဆွဲသုပ်နဲ့ တွဲဖက်ထားပါတယ်။

ဖြိုးရဲ့သမီးငယ်ကတော့ ဒီဝက်နံရိုးကြော်ကို ကြိုက်လွန်းလှသမို့ အမြဲတမ်းချက်နေရတဲ့ ဒီဟင်း
ချက်နည်းကို အားလုံးကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။အားလုံးသော စာဖတ်ပရိသတ်
များနဲ့ ဒီကဏ္ဍဖြစ်မြောက်အောင် အမြဲကူညီပေးတဲ့ မြန်မာတိုင်း(မ်)အဖွဲ့သား အားလုံးကို
ကျေးဇူးတင်ပါတယ်။ အားလုံးပဲပျော်ရွှင်စရာနှစ်သစ်ကို အေးချမ်းလုံခြုံစွာ ဖြတ်သန်းနိုင်ကြ
ပါစေ။

ပါဝင်ပစ္စည်းများ
(ခြောက်ယောက်စာ)

ဝက်နံရိုး နှစ်ကီလိုဂရမ်
မိရင် (mirin)/(ဂျပန်စတိုင် ဆန်အရက်ချို)
၁/၃ ခွက် (၈၀ မီလီလီတာ)
Kikomon ဂျပန်ပဲငံပြာရည်
၁/၃ ခွက် (၈၀ မီလီလီတာ)
သကြားအညို
လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ဆား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ချက်ပြုတ်နည်း

ဝက်နံရိုးများကို သန့်စင်၊ ဆေးကြောပြီးလျှင် ရေစင်အောင် စစ်ထားပါ။ ပြီးလျှင် မီးဖိုချောင်သုံး
တစ်ရှူးစက္ကူ ဖြင့် ခြောက်သွားအောင် သုတ်ပါ။  ထို့နောက် ၈-၁၀ စင်တီမီတာခန့်မျှနံရိုး ၃-၄ ခု
အလိုက် ဖြတ်ပါ။

ဝက်နံရိုးများကို ဆော့စ်ဖြင့်နှပ်ရန် မိရင်၊ ပဲငံပြာရည်နဲ့ သကြားတို့ကို ဇလုံကြီးကြီးတစ်လုံးထဲမှာ
ထည့်ကာ သကြားများပျော်သည်အထိ မွှေပေးပါ။ နောက် ၀က်နံရိုးအသားများထဲသို့ ဆော့စ်
များဝင်အောင် နယ်ပြီးလျှင် ရေခဲသေတ္တာထဲတွင် နာရီဝက်ခန့်မျှ အနည်းဆုံးနှပ်ထားပေးပါ။

ဝက်နံရိုးများအဆင်သင့်ဖြစ်လျှင် အိုးကြီးကြီးမြင့်မြင့်ထဲသို့ နံရိုးများမြှုပ်လုသည်အထိ ရေထည့်
ကာအဖုံးအုပ်ပြီးပြုတ်ပါ။ ရေများပွက်လာလျှင် ငါးမိနစ်မျှ ဆက်ပွက်စေပြီး မီးကို လျှော့ကာ မပြင်း
တပြင်းအနေ အထားနဲ့ နောက်ထပ် ၁၀-၁၅ မိနစ် ခန့်မျှ ပြုတ်ပါ။ အသားများနူးလာ ပြီဆိုလျှင်
မီးပိတ်ကာ အဖုံးအုပ်ထားလျက် အအေးခံထားပါ။

အသားများအအေးခံနေစဉ်အတွင်း ဆန်ခေါက်ဆွဲသုပ်အတွက် ပြင်ဆင်နိုင်ပါတယ်။ ၀က်နံရိုးနဲ့
ဆော့စ်များအေးလျှင် နံရိုးများကို ဆယ်ယူပြီးထားပါ။ ပြီးလျှင် အရည်များကို ဆန်ခါစိပ်စိပ်နဲ့
စစ်ကာ အနည်များကို စွန့်ပစ်ပါ။ အရည်များကို သတ်သတ်ဖယ်ထားပါ။

ဒယ်အိုးထဲသို့ ပာင်းသီးဟင်းရွက်ဆီ စားပွဲဇွန်း တစ်ဇွန်းထည့်ကာ မီးပြင်းပြင်းဖြင့် ၀က်နံရိုးများ
နီလာသည်အထိ အသုတ်လိုက်ခွဲ၍ ကြော်ပါ။ ဆီစင်တတ်၍ သတိထားပါ။ ၀က်နံရိုးများ
အနီရောင်သမ်းလာလျှင် အိုးထဲမှ ဆယ်ပြီး ပေါ်တွင် ဆီများစစ်သွားအောင် ထားပါ။ စားခါနီး
လျှင် စိတ်ကြိုက် ပွဲပြင်နိုင်ပါသည်။

ဆန်ခေါက်ဆွဲသုပ်အတွက်
ပါဝင်ပစ္စည်းများ

ဆန်ခေါက်ဆွဲခြောက် (သို့) ခေါက်ဆွဲခြောက်တစ်ဝက်
(ရှမ်းခေါက်ဆွဲခြောက်ကိုလည်း သုံးနိုင်ပါသည်)
ကြက်သွန်မြိတ် သုံးပင်
နှမ်းလှော်စားပွဲဇွန်း နှစ်ဇွန်း
နှမ်းလှော်ဆီ
လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဝက်နံရိုးပြုတ်ရည် ၁/၃ ခွက်
ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဟင်းသီးဟင်းရွက်ဆီ
လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဂျင်း (ခပ်နုပ်နုပ်လေးခြစ်ပါ)
လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ကြက်သွန်ဖြူ (ထောင်းထားလျက်)
လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း

ဆန်ခေါက်ဆွဲများကို ရေအေးအေးဖြင့် ဇလုံကြီးကြီးထဲတွင် အနည်းဆုံးနာရီဝက်ခန့် စိမ်ထားပါ။
ပြီးလျှင်ရေနွေးအိုးတည်ကာ (အထုပ်တွင်ပါသည့် အချိုးအတိုင်း) ဆား လက်ဖက်ရည်ဇွန်း
တစ်ဇွန်းနဲ့ ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပါ။ နောက် ဆန်ခေါက်ဆွဲေ
ခြောက်များကို ရေနွေးထဲတွင် ၁၅ စက္ကန့်မျှ ပြုတ်ကာ ရေစင်အောင်စစ်ပြီး ထားပါ။ ဇလုံတစ်လုံး
ထဲတွင် ကျန်ရှိနေသော ပါဝင်ပစ္စည်းများကို ထည့်ကာ ရောစပ်ပါ။

ထို့နောက် dressing ကို စားခါနီးမှ ခေါက်ဆွဲများပေါ်သို့ ဆမ်းပြီး နှံ့အောင် နယ်ပါ။ ဆန်
ခေါက်ဆွဲများကို လူ ခြောက်ယောက်စာအတွက် ပန်းကန်အသေးတစ်ခုစီတွင် ခွဲထည့်ကာ
ကြက်သွန်မြိတ်နှင့် ငရုတ်သီးများကိုထည့်ကာ စားသုံးနိုင်ပါတယ်။

Maintips
ဝက်နံရိုးကို ဆော့စ်ဖြင့်မနှပ်ခင် ခြောက်နေအောင်ပြုလုပ်ပါ။ ဒါမှအသားထဲ အရသာအရည်များ
စိမ့်ဝင်မှာ ဖြစ်ပါတယ်။ ၀က်နံရိုးပြုတ်မည့်အိုးကိုလည်း ခပ်မြင့်မြင့်အိုးကို သုံးပါ။ နံရိုးအားလုံး
အကျက်ညီဖို့လိုပါတယ်။ ၀က်နံရိုးများကို ပြောင်ပြောင်လက်လက်လေးဖြစ်စေချင်လျှင် သကြား
ကို နောက်ထပ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းမျှ ထပ်ထည့်ပါ။

အကြံပေးလိုပါက phyocooking @ gmail.com ကို ဆက်သွယ်နိုင်ပါတယ်။
phyo's cooking facebookု မှာလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။