Thursday, 27 November 2014

စကော့တလန်စားဖိုမှူးရဲ့ မြန်မာ့ဟင်းပွဲတွေ

 Governor's Residence ဟိုတယ်တွင် စကော့တလန်စားဖိုမှူး Iain Murray ဟင်းလျာများ ပြင်ဆင်နေစဉ်။ Governor's Residence ဟိုတယ်တွင် စကော့တလန်စားဖိုမှူး Iain Murray ဟင်းလျာများ ပြင်ဆင်နေစဉ်။

စကော့တလန်စားဖိုမှူး Iain Murray ဟာ ပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက်ကစပြီးရန်ကုန်က
 Governor's Residence ဟိုတယ်မှာ စားဖိုမှူးချုပ်အဖြစ် တာဝန် ယူခဲ့ချိန်မှာ မြန်မာ့
ဟင်းချက်နည်းတွေကို လေ့လာမြည်းစမ်းကြည့်ခဲ့ပါတယ်။

"အဲဒီတုန်းကဆိုရင် မြန်မာဟင်းတွေဟာ ကျွန်တော့အတွက် လုံးဝအသစ်အဆန်းတွေချည်း
ပါပဲ"လို့ Mr Murray က ပြောပါတယ်။

ကြယ်ငါးပွင့်ဟိုတယ်ဖြစ်တဲ့ Govern-or's Residence မှာ ညနေ ၆ နာရီကနေ ည ၁၀ နာရီ
အတွင်း  ဧည့်သည်တွေ ဘူဖေး လာရောက်သုံးဆောင်လို့ရတဲ့ ဟင်း အမယ်တွေ၊ အချိုပွဲတွေနဲ့
အရွက်သုပ် တွေစတဲ့  မြန်မာ့အစာအစာတွေကို  မွမ်းမံပြင်ဆင်ပေးနေတဲ့ ရှမ်း၊ ရခိုင်၊ ချင်းနဲ့
ကရင်ပြည်နယ်က စားဖိုမှူး ၂၁ ယောက် ပါအဖွဲ့ကို ကြမမမေပ ဟာ ဦးစီးပေးနေပါတယ်။

ဟင်းအမယ်တွေဟာ မြန်မာ့မူရင်း အရသာကို မပျောက်အောင် စီမံထား တာဖြစ်ပြီး ဟင်းတွေက
အပြစ်ဆိုစရာ မရှိအောင်ကို ကောင်းပါတယ်။ မြန်မာ ဟင်းတွေကို အချိန်ယူပြီး သေသေချာချာ
မြည်းစမ်းလေ့လာတဲ့ ရည်ရွယ်ချက်ကို "ဟင်းအမယ်တွေကို အရသာစူးရှလွန်း၊ ပေါ့လွန်းတာမျိုး
မရှိရအောင်လို့ပါ"လို့ Mr Murray က  ပြောပြပါတယ်။

လက်ဖက်နဲ့ ချက်တဲ့ ဘဲသားဟင်းနဲ့ ငှက်ပျောဖူးသုပ်ကတော့ သူ့ရဲ့ဟင်းအမယ်ပေါင်းများစွာ
ထဲက  နှစ်မျိုးပါ။ ဟင်းထဲထည့်ရမယ့် အမယ်တွေကို ကြိတ်ရတာမျိုးအထိ အသေးစိတ်လုပ်
ရတာကြောင့် နှစ်ရက်လောက် ကြိုတင်ပြင်ဆင်ရတဲ့အတွက် တော်တော်ကြီးဟင်းကြေးများ
တဲ့သူတောင် ဒီဟင်းတွေကို  အကြိုက်တွေ့မှာ သေချာပါတယ်။

မြန်မာ့ဟင်းချက်နည်းတွေဟာ စိတ် ၀င်စားဖို့ကောင်းကြောင်းနဲ့ အိန္ဒိယ ဟင်းချက်နည်းတွေနဲ့
ဆင်ပေမယ့် လုံးဝ ကို ထူးခြားတယ်လို့လည်း ဆိုပါတယ်။ အသီးအရွက်ပဲစားတဲ့သူတွေ အတွက်
ရွေးချယ်စရာ အသီးအရွက်ဟင်းတွေ၊ အသုပ်တွေ အမျိုးမျိုးရှိပါတယ်။ ဂျင်းသုပ်၊ အာလူးနဲ့
ကြာဆန်သုပ်၊ သင်္ဘောသီးသုပ်စတာတွေလည်း ရပါတယ်။ အနောက်တိုင်းပုံစံချက်ထားတဲ့
ပဲနီလေးဟင်းချိုခပ်ကျဲကျဲလေးကလည်း အရသာရှိတဲ့အတွက် အသားငါး ရှောင်တဲ့သူတွေ
အကြိုက်တွေ့မယ့် ဟင်းတစ်ခွက်ပါ။

ဒါပေမယ့် ကိုယ့်အဖွဲ့သားထဲက ဧည့်သည်တစ်ယောက်ယောက်က မြန် မာ ဟင်းတွေ မစားချင်
ပါဘူးလို့ ဆိုလာ ရင်တော့  အောက်ထပ်က မန္တလေးစား သောက်ဆိုင်ကနေ ဥရောပ အစား
အစာ တွေကို မှာပေးလို့ ရပါသေးတယ်။

 "ဟင်း ဆီများမှာကိုတော့ စိတ်မပူပါနဲ့။ ကျွန်တော်တို့ဆီနည်းနည်းလေးပဲ သုံးထားပါတယ်"လို့
ဆီများတာကို မကြိုက်တဲ့ သူတွေစိတ်မပူရအောင်လည်း Mr Murray ကအာမခံပေးထားပါ
တယ်။

ဆီပြန်ဟင်းချက်စားနိုင်တဲ့ မိသားစုကိုမှ ချမ်းသာကြွယ်ဝတယ်လို့ သတ်မှတ် ခံရတဲ့ မြန်မာ့
ဓလေ့လေးကိုလည်း သူက ရှင်းပြပါတယ်။ "အခုတော့ ကျန်းမာရေး အသိရှိ လာတဲ့အတွက်
ဆီနဲ့ပတ်သက်ပြီး အမြင်ပြောင်းလာကြပါပြီ"လို့သူကပြောပါတယ်။

ကန်ဒေါ်လာ ၅၀ လောက်နဲ့ လူတစ်ယောက်စာ ဘူဖေးအ၀စားလို့ ရသလို  ဒဂုံဘီယာ (သို့)
လက်ဖက်ရည်ကြမ်း အခမဲ့သောက်နိုင်တဲ့ ဒီနေရာမှာ စားသောက်ရင်းနဲ့ စိမ်းလန်းနေတဲ့
ဥယျာဉ်လေးနဲ့ မြင်နေကျပုံစံ မဟုတ်တဲ့ ရေကူးကန်လေးကို အပေါ်စီးကနေ ကြည့်ရှုခံစား
နိုင်ပါသေးတယ်။ သီရိမင်းထွန်း ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar.times@gmail.com သို့ပေးပို့နိုင်ပါသည်။