Friday, 18 April 2014

အင်းလျားလမ်းက Hello ဆူရှိဆိုင်

Hello Maki and Sushi ရဲ့ ဒုတိယ ဆိုင်ခွဲကို ရန်ကုန်မြို့၊ အင်းလျားလမ်းမှာ ပြီးခဲ့တဲ့ ခုနစ်လ
လောက်က ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆိုင်လေးမှာ ဆူရှီနဲ့ ဆာရှိမိ၊ tempura (အကြော်စုံ)၊ ခေါက်ဆွဲ
နဲ့ အကင်မျိုးစုံအပါအ၀င် စားဖွယ်မျိုးစုံကို နှစ်သက် သလို မှာယူစားသောက်နိုင်ပါတယ်။

ကျွန်တော်ကတော့  တူနာငါး၊ ဆော်လ်မွန်ငါး၊ ကဏန်းအသား၊ ပြည်ကြီးငါး၊ ရေဘ၀ဲ၊ မက်
ကရယ်လ်ငါးနဲ့ sea bass ငါးစတာတွေပါတဲ့ာသမငတျေေန ဆာရှိ မိ (ကျပ် ၇,၀၀၀)တစ်ပွဲမှာ
လိုက်ပါတယ်။

စားသောက်ဆိုင်ကိုလာတဲ့ လမ်းမှာ အစားအသောက် လတ်ဆတ်တာကို ကြိုက်တဲ့ ကျွန်တော်
အဲဒီဆိုင်က ဆာရှိမိ ဟာ လတ်ဆတ်ပါ့မလားလို့ တွေးပူနေမိ ပါသေးတယ်။ ဒါပေမယ့် ဆော်လ်
မွန်ငါး၊ တူနာငါး၊ အက်ဒါမာမေးပဲပုပ်စိမ်း၊ ဆာ ကေးနဲ့ တခြားအမယ်တွေကို ဂျပန်နဲ့ နော်ဝေ
ကနေ နေ့စဉ်တင်သွင်းလာတာ လို့ သိရပါတယ်။

Nigiri mix ( ကျပ် ၅,၂၀၀) မှာလည်း ဆာရှိမိအတွက် သုံးတဲ့ငါးတွေကိုပဲအသုံးပြုထားပေမယ့်
California roll၊ ဂျပန်ကြက်ဥမွှေကြော်နဲ့ ပုစွန်တို့လည်း ထည့်ထားပါသေးတယ်။

California roll (ကျပ် ၁,၂၀၀) တစ်လိပ်ရဲ့အရွယ်အစားဟာ ရေခဲမုန့် ကတော့ သုံးခုစာလောက်
ရှိတဲ့အတွက်  နေ့လယ်စာကို အလျင်စလိုစားရမယ့်သူ တွေအတွက် အဆင်ပြေပါတယ်။

Tonkatsy ၀က်သားကြော် (ကျပ် ၂,၈၀၀)နဲ့ မက်ကရယ်ငါးပြုတ် saba shiro yaki
(ကျပ်၂,၆၀၀) ကတော့ ငါးအစိမ်းဟာ ငါးမျှားတဲ့အခါ ငါးစာအဖြစ်သုံးဖို့ အတွက်ပဲကောင်းတယ်
လို့ ထင်ကောင်း ထင်နေတဲ့သူတွေအတွက် ရွေးချယ်စရာ ဟင်းပွဲတွေပဲ ဖြစ်ပါတယ်။ဝက်သား
ကလည်း လတ်ဆတ်ပြီး အဆီမများသလို မက်ကရယ်လ်ငါးကလည်း မညှီပါဘူး။

ဒီဆိုင်ရဲ့ ၀န်ဆောင်မှု အရမ်းကောင်း တာကို ဒူဘိုင်းက အဆင့်မြင့်ဟိုတယ်မှာ ခြောက်နှစ်
တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မန်နေဂျာက သက်သေပြနေပါတယ်။ ဧည့်သည်တွေကို အသေး
စိတ်လိုလေသေးမရှိ ဂရုစိုက်ပေးတတ်ပြီး ဧည့်သည် တော်တော်များများကို အမည်မှန်အောင်
နှုတ်ဆက်နိုင်သူတစ်ဦးပါ။

အုပ်စုလိုက် သွားစားကြမယ်ဆိုရင်တော့ သီးသန့်ခန်းလေးကို ရွေးချယ် သင့်ပါတယ်။ စား
သောက်ဆိုင်ကြီးတစ် ခုလုံးလိုပဲ အပြင်အဆင် ရိုးရိုးရှင်းရှင်း လေးနဲ့ ဆွဲဆောင်ထားပါတယ်။
ဆိုင်သစ်နေရာကတော့  အမှတ် (၁၃၅)၊ အင်းလျားလမ်း၊ ဗဟန်းမြို့နယ် မှာရှိပြီး
၀၉-၄၉၂၄၉၂၉၇ ကို ဆက် သွယ်နိုင်ပါတယ်။ မော်တင် ဂျန်းရှင်း စင်တာကဆိုင်ကို ဆက်သွယ်
ရမယ့် ဖုန်းနံပါတ်ကတော့၂၁၈၁၅၅ (လိုင်းခွဲ-၁၄၁၁) ပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။