Wednesday, 30 July 2014

ကြက်သားနှင့် ရွှေဖရုံသီးဟင်း

ရွှေဖရုံသီးဟာ အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ အသီးအနှံတစ်မျိုးပါ။ အရှေ့တိုင်းဟင်း
တွေမှာ ဖရုံသီးနဲ့ ချက်တဲ့ ဟင်းချက်နည်းတွေရှိသလို အနောက်တိုင်းဟင်းတွေမှာလည်း
ဖရုံသီးနဲ့ ပတ်သက်တဲ့ ဟင်းချက်နည်းတွေများစွာ ရှိပါတယ်။ မြေထဲပင်လယ်ဒေသက ဟင်း
တွေမှာလည်း ဖရုံသီးနဲ့ ချက်တဲ့ ဟင်းတွေ၊ အသုပ်တွေ အများအပြားရှိပါတယ်။

ဖရုံသီးကို သားရည်စာ၊ အချိုပွဲ၊ အသုပ်၊ ဟင်းအရည်သောက်၊ ဆီပြန်ဟင်း စသဖြင့် မျိုးစုံ
အောင်ချက်လို့ရပါတယ်။ အသားနဲ့တွဲပြီး ချက်စားရင်လည်း စားကောင်းသလို ပင်လယ်စာ
အထူးသဖြင့် ပုဇွန်နဲ့လည်း လိုက်ဖက်လှပါတယ်။

နောက်ပြီး အသက်အရွယ်မရွေး လူကြီးလူငယ်အားလုံးနဲ့လည်း တည့်ပါတယ်။ ယဉ်ကျေးမှု
တွေ၊ နေရာဒေသတွေဘယ်လောက်ပဲ ကွာခြားကွာခြား ဖရုံသီးကတော့ ဟင်းချက်စရာ
အမည်တမျိုးအဖြစ် အမြဲပါဝင်လေ့ရှိပါတယ်။  

ဖြိုးကတော့ ဖရုံသီးရဲ့ ချိုစိမ့်တဲ့အရသာကို ကြိုက်နှစ်သက်သလို သူ့ရဲ့ထူးထူးခြားခြားယဉ်ကျေး
မှုများစွာ၊ နေရာဒေသများစွာမှာ အချက်ကျကျ ပါဝင်အကျိုးပြုနိုင်ပုံကို အထူးပဲလေးစားအား
ကျမိပါတယ်။ ဘယ်လူမျိုးတွေပဲ ချက်ချက် ဖရုံသီးကတော့ ချိုစိမ့်တဲ့ အရသာကို အမြဲပေး
နိုင်ပါတယ်။

ဒီလမှာတော့ ကမ္ဘာတစ်ဝန်းမှ ဖရုံသီးနဲ့ချက်တဲ့ ဟင်းချက်နည်းအချို့ကို မျှဝေပေးသွားမှာဖြစ်ပါ
တယ်။ ရွှေဖရုံသီးကို ဟင်းချက်မယ်။ မီးကင်ပြီး သုပ်မယ်။ အချိုပွဲလုပ်စားမယ်။ ဖရုံသီးကို ရို့စ်
လုပ်လို့ရသလို မုန့်အနေနဲ့လည်း ဖုတ်လို့ရပါတယ်။ နောက်ပြီး ပေါင်းစားလို့လည်းရပါတယ်။
ပထမဦးဆုံးအနေနဲ့ Coffs Habour ကို အလည်သွားစဉ် သိခဲ့တဲ့ ကရင်အမျိုးသမီးအစ်မကြီး
တစ်ယောက်ချက်ကျွေးမိတ်ဆက်ပေးခဲ့တဲ့ ကြက်သားနှင့် ရွှေဖရုံသီးဟင်းကို မျှဝေလိုက်
ပါတယ်။

ပထမဦးဆုံး ရွှေဖရုံသီးနဲ့ ကြက်သားရောချက်တာကို စားဖူးတာပါ။ စပါးလင်အနံ့လေးကလည်း
မွှေးနေတာပါပဲ။ အများအားဖြင့် ပုဇွန်နဲ့ ရောပြီးနှပ်တာကိုပဲ စားဖူးတာပါ။ နောက်ဆုံးတော့
ဖြိုးတို့ လင်မယားလည်း ဒီဟင်းကို ကြိမ်ဖန်များစွာ ချက်စားဖြစ်သွားတော့တာပါပဲ။

ကြက်သားနှင့် ရွှေဖရုံသီးဟင်း (၆ ယောက်စာ)ပါဝင်ပစ္စည်းများ

ကြက်သား (အရိုးထုတ်ထားသော ပေါင်သား) ၇၀၀ ဂရမ် (သို့) ၆ ခု
ကြက်သွန်နီ (နုပ်နုပ်စဉ်း) ၁ ခွက်
စပါးလင် ၂ ချောင်း
ကြက်သွန်ဖြူ ၂ မွှာ (ခပ်ညက်ညက်ထောင်းလျက်)
ရွှေဖရုံသီး ၇၀၀-၈၀၀ ဂရမ်
ထိုင်းပင်စိမ်းရွက် ၁ ခွက် (အရွက်သင်ပြီးသား)
နံနွင်းမှုန့်
လက်ဖက်ရည်ဇွန်း ၁/၂  ဇွန်း
ငရုတ်သီးမှုန့်
လက်ဖက်ရည်ဇွန်း ၁/၂  ဇွန်း
ဆား
လက်ဖက်ရည်ဇွန်း ၁/၂  ဇွန်း
ငံပြာရည်စားပွဲဇွန်း ၁ ဇွန်း
ဟင်းသီးဟင်းရွက်ဆီ
စားပွဲဇွန်း ၁ ဇွန်း

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။