Thursday, 24 April 2014

ကံထူးရှင်

လူငယ်ကျွမ်းကျင်ပညာရှင်တစ်ဦးနဲ့ သူ့ သူဌေးတို့ဟာ တောင်တွေဘက်ဆီဦးတည်မောင်းနှင်တဲ့
ရထားထဲကို တက် လိုက်ကြပါတယ်။ တစ်တွဲလုံးမှာ အဘွား ဖြစ်သူနဲ့ မိန်းမပျိုမြေးမလေးတို့
နှစ်ဦးထိုင် နေတဲ့  မျက်နှာချင်းဆိုင်ခုံတန်းနှစ်ခုက လူသွားလမ်းဘက်နေရာနှစ်နေရာကလွဲလို့
နေရာလွတ်မကျန်တော့တာကြောင့် အမျိုးသားနှစ်ဦးဟာ အဲဒီနေရာတွေမှာ ပဲ ၀င်ထိုင်လိုက်
ကြပါတယ်။

ခဏကြာတဲ့အခါမှာ ဘေးချင်းကပ် ထိုင်နေကြတဲ့ လူငယ်အမျိုးသားနဲ့ မိန်းမ ပျိုတို့ဟာ
အကြည့်ချင်းတွေ့ဆုံကြပြီးတဲ့ နောက် တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားလာကြပါ
တော့တယ်။

အဲဒီအချိန်မှာ ရထားဟာ ဥမင်လိုဏ်ခေါင်းထဲကို ၀င်လာတာကြောင့် တွဲတစ်တွဲလုံး မှောင်မည်း
သွားတဲ့အချိန်မှာ အနမ်းပေး လိုက်တဲ့အသံနဲ့အတူ ပါးရိုက်လိုက်သံ ဟာလည်း နောက်ဆက်တွဲ
ပေါ်ထွက် လာပါတယ်။

ဥမင်ထဲကနေ ရထားထွက်လာတဲ့ အခါမှာတော့ လေးဦးစလုံးဟာ စကားတစ် လုံးမှမဆိုဘဲ
ပုံမှန်အတိုင်းသာ ဆက်ထိုင် နေကြပါတယ်။ ဒါပေမယ့် အဘွားဖြစ်သူ ဟာ "ငါ့မြေးကို အဲဒီ
လူငယ် နမ်းလိုက် တာက တော်တော်လေးမထီမဲ့မြင်လုပ် တာပဲ။ ဒါပေမယ့် သူ့ကို မြေးမလေး
ပါးပြန်ရိုက်လိုက်တာတော့ တော်တော် လေး ၀မ်းသာတယ်"လို့ တွေးနေပါ တယ်။

သူဌေးဖြစ်သူကလည်း "ကောင်မလေးကို နမ်းလောက်တဲ့အထိ ငါ့ကောင်ကြီး သတ္တိကောင်း
-မကောင်းတော့ မသိဘူး။ ဒါပေမယ့် သူ့ကို ကောင်မလေး ပါးရိုက်တာ ငါ့ကိုမထိမိရင် ကောင်း
မှာပဲ" လို့ တွေးနေပါတယ်။

မိန်းမပျိုလေးကတော့ "သူ ..ငါ့ကို နမ်းတာ ကျေနပ်စရာပဲ။ ဒါပေမယ့် အဘွားရိုက်လိုက်တာ
သူ့ကိုမထိဘဲ ဟိုလူ ကြီးကို ရိုက်မိပါစေ"လို့ သူ့အတွေးနဲ့သူ ရှိနေပြန်ပါတယ်။

အဲဒီအချိန်မှာ လူငယ်ကျွမ်းကျင်ပညာ ရှင်ကတော့ ကျေနပ်တဲ့အပြုံးနဲ့ ထိုင်နေပြီး သူတွေး
နေတာက "လူတစ်ယောက်ဟာ မိန်းမချောတစ်ယောက်ကို နမ်းလိုက်ရတာနဲ့ သူ့သူဌေးကို
ပါးရိုက်လိုက်ရတာကို တစ်ပြိုင်နက်တည်း လုပ်ရတဲ့ အခွင့်ကောင်းမျိုး ဘယ်နှကြိမ်လောက်
များ ရနိုင်မလဲ မသိဘူး"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ပေးပို့နိုင်ပါသည်။