ရွှေဖရုံသီး Salad များ (သို့) အနောက်တိုင်းဆန်ဆန် ရွှေဖရုံသီးအသုပ်များ

ရွှေဖရုံသီး Salad များဟာ Australian BBQ meal တွေထဲမှာ အတော်လေးကို ရေပန်းစားပြီး
မပါမဖြစ်တဲ့  ဟင်းပွဲများပါ။

အိုးကပ်ကာနီးတဲ့အထိ ရို့စ်လုပ်ထားတဲ့ အညိုရောင်ပြေးနေတဲ့ ချိုဆိမ့်တဲ့ ရွှေဖရုံသီးတွေကို
ကြွပ်ကြွပ်ရွရွသစ်စေ့၊ salad ရွက်မျိုးစုံတို့နဲ့ သုပ်စားလို့ ရှိရင်ဖြင့် တကယ့်ကို ခံတွင်းတွေ့စေတာ
အမှန်ပါပဲ။

ဖြိုးတို့ မြန်မာတွေက ရွှေဖရုံသီးကို ဟင်းချက်ပြီးပဲ စားလေ့ရှိပါတယ်။ ဒါပေမဲ့ ရွှေဖရုံသီးကို
နည်းမျိုးစုံလုပ်စားလို့ ရတာမို့ အရသာအသစ်အဆန်းနဲ့ ရွှေဖရုံသီးချက်နည်း အသစ်အဆန်း
တွေကို လေ့လာမြည်းစမ်းရတာ ပျော်ဖို့လည်းကောင်းသလို အရသာလည်း ရှိလှပါတယ်။

ဖရုံသီးမျိုးကွဲပေါင်းများစွာရှိတဲ့ အထဲက ဂျပန်ဖရုံသီးလို့ခေါ်တဲ့ အစိမ်းရောင်နဲ့ အ၀ါရောင်
ကွက်များပါတဲ့ ဖရုံသီးနဲ့ ရွှေဝါရောင် ဖရုံသီးတွေကို ဖြိုးအနေနဲ့ ပိုပြီးကြိုက်ပါတယ်။ ဒီလမှာ
တော့ ဖြိုးအကြိုက် ဖရုံသီး saladနှစ်မျိုးကို စာဖတ်သူတွေဖို့ မျှဝေလိုက်ပါတယ်။

Grilled pumpkin androcket salad
ရွှေဖရုံသီးနှင့် မသခုနအ ရွက်အသုပ် (ခြောက်ယောက်စာ) ပါဝင်ပစ္စည်းများ

ရွှေဖရုံသီး ၇၀၀ ဂရမ်
ကြက်သွန်နီ နှစ်လုံး
နေကြာစေ့လှော်(အခွံခွာပြီးသား) စားပွဲဇွန်း နှစ်ဇွန်း
ဖရုံစေ့လှော် (အခွံခွာပြီးသား) စားပွဲဇွန်း နှစ်ဇွန်း
Wholegrain mustard လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
Balsamic vinegar လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
သံလွင်ဆီ စားပွဲဇွန်း နှစ်ဇွန်း
Rocket salad ရွက် သုံးခွက်(ခပ်ဖွဖွလေးချိန်ပါ)
အရသာအတွက် ဆားနှင့်ငရုတ်ကောင်းအနက်မှုန့်

ကြက်သွန်နီတွေကို အခွံမခွာပဲ ဂတ်စ်မီးဖိုပေါ်မှာ တံစို့နဲ့သီပြီး မီးပြင်းပြင်းနဲ့ကင်ပါ။  ကြက်သွန်နီ
ဥများ တော်တော်လေး ပျော့လာပြီဆိုရင် ဘေးချပြီးအအေးခံထားပါ။ ရွှေဖရုံသီးက အစေ့တွေ
ကို ဖယ်ထုတ်ပြီးရင် အခွံမခွာပဲရွှေဖရုံသီးတွေကို နှစ်စင်တီမီတာအထူ ၅-၆ စင်တီမီတာအရှည်
လှီးထားပါ။

ပြီးရင် ရွှေဖရုံသီးတွေကို သံလွင်ဆီလူး၍ ဂက်စ်မီးဖိုပေါ်တွင် စင်တင်ပြီးဖြစ်ဖြစ်၊ အကင်ညှပ်နဲ့
ဖြစ်ဖြစ် တန်းစီပြီး မီးပြင်းပြင်းဖြင့်ကင်ပါ။ အကျက်ညီအောင် ရွှေဖရုံသီးတွေကို တစ်ဖက်
ပြီး တစ်ဖက်လှည့်ပေးပါ။ အားလုံးနူးလာပြီဆိုလျှင် မီးဖိုပေါ်က ချပြီး အအေးခံထားပါ။

Dressing အတွက် wholegrain mustard, balsamic vinegar နဲ့ သံလွင်ဆီတို့ကို ပုလင်း
တစ်လုံးထဲရောစပ်၍ သပ်သပ်ဖယ်ထားပေးပါ။ အဲဒီနောက် ကြက်သွန်နီတွေကို အခွံခွာ
ပြီးရင် ရှစ်စိတ်စီရအောင် စိတ်၍ အလွှာတွေကို တစ်လွှာစီနီးပါးဖြစ်အောင် ခွာပေးပါ။

ပြီးရင် ဇလုံကြီးကြီးထဲကို ကြက်သွန်နီများ၊ ရွှေဖရုံသီးအကင်များ၊ ဖရုံစေ့လှော်၊ နေကြာစေ့
လှော်နဲ့ rocket salad အရွက်တွေကို ထည့်ကာ dressing ဆမ်း၍ နှံ့အောင် နယ်ကာ
အရသာအတွက် ဆားနဲ့ ငရုတ်ကောင်းအနက်မှုန့်တို့ကို ဖြူးထည့်ကာ စားသုံးနိုင်ပါတယ်။

တကယ်လို့ Balsamic vinegratte ကို အစားထိုးသုံးမယ်ဆိုရင်တော့ စားပွဲဇွန်း တစ်ဇွန်းခွဲ
လိုပါလိမ့်မယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။