ဉာဏ်ပြေးတဲ့ယောက်ျား


ခင်ပွန်းဖြစ်သူဟာ  ညနေခင်းတစ်ခုမှာ မိန်းမဖြစ်သူထံ ဖုန်းမက်ဆေ့ခ်ျ တစ်စောင် ပို့လိုက်ပါတယ်။
"အချစ်ရေ ..ကိုယ်တော့ ဒီည အိမ်ပြန်နောက်ကျမယ်။ ဒါကြောင့်မို့ ကိုယ့်ဝတ်ထားပြီးသား ရုံး
အင်္ကျီတွေကို လျှော်ပေးထားနော်။ ကိုယ်ပြန်လာရင် စားဖို့ အတွက်လည်း ကိုယ်ကြိုက်တဲ့ဟင်း
လည်း ချက်ထားပေးပါကွာ"လို့ စာထဲမှာ ရေးမှာထားပါတယ်။

ဒီလိုနဲ့ ပထမစာပို့ပြီး ခဏအကြာမှာ အမျိုးသားဟာ နောက်စာတစ်စောင် ထပ်ပို့လိုက်ပြန်ပါ
တယ်။ အဲဒီစာထဲမှာ တော့ "စောစောက ပြောစရာတစ်ခု ကိုယ်မေ့သွားတယ် ..အချစ်ရေ။
ဒီလကုန်ရင် ကိုယ်လစာတိုးမယ်သိလား။ ဒါကြောင့် မင်းကို ကားတစ်စီးဝယ်ပေး မယ်နော်"လို့
ရေးထားပါတယ်။

ဒီတစ်ကြိမ်မှာတော့ အမျိုးသားဟာ "ဘုရားရေ .. ယောက်ျား ရှင်တကယ် ပြောတာလား"လို့
ရေးထားတဲ့ပြန်စာကို  ချက်ချင်းဆိုသလို ရရှိတာကြောင့် စာပြန်လိုက်တာက "တကယ်ပြော
တာ မဟုတ်ဘူး မိန်းမရေ .. ပထမစာ မင်းဖတ်ပြီးပြီလား၊ မဖတ်ရသေးဘူး လားဆိုတာ
သိချင်လို့ တမင်ပို့လိုက် တာ"တဲ့။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။